သတင်းတို

ဂျပန်အစိုးရ ငွေချေးတော့မည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံအတွက် ဂျပန် အစိုးရက အတိုးနည်း ချေးငွေ အစီအစဉ်ကို လာမည့်နှစ် အစောပိုင်းတွင် ပထမဆုံးအကြိမ် စတင်မည်ဖြစ်ကြောင်း သိရသည်။ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကဏ္ဍ၊ လျှပ်စစ် စွမ်းအင် ကဏ္ဍ ၊ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍ စီမံကိန်းများ စသည်တို့ အတွက် ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို လာမည့် ကြာသပတေးနေ့ တိုကျိုမြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ အကူအညီများ အစည်းအဝေး အတွင်း ထုတ်ပြန် ကြေညာရန် မျှော်လင့်ရကြောင်း Yomiuri သတင်းဌာန အင်တာနက် စာမျက်တွင် ဖော်ပြထားသည်။

Loading