သတင်းတို

တရုတ်က ဧရာဝတီတိုင်း အတွက် ဒေါ်လာ ၃ သန်း အတိုးမဲ့ချေး

This article has been converted from Zawgyi One to Unicode

ရေဘေး ဒုက္ခ ခံခဲ့ရသည့် ဧရာဝတီတိုင်းအား ရေနစ်မြုပ်မှုကင်းဝေးစေရန် တာတမံများ ပြုလုပ်၍ ထိန်းသိမ်းခြင်း ဆောင်ရွက်ရေး အတွက် တရုတ်နိုင်ငံက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၃ သန်း ချေးပေးကြောင်း သိရသည်။ ထိုငွေများဖြင့် ဒေသအတွင်းရှိ တာတမံများ၊ တာပေါင်များကို မြှင့်တင်ရန်၊ ပန်းတာ၊ ဖျက်တာများ၊ ရေထိန်း တံခါးများ တည်ဆောက်ခြင်း ဆောင်ရွက်ရန် စီမံချက်များ ရေးဆွဲပြီး လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ် ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။

Loading