ပဲခူတိုင်း (အရှေ့ခြမ်း) ညောင်လေးပင်မြို့နယ် အတွင်းရှိ အင်းများကြောင့် နှစ်စဉ် ရေကြီး ရေလျှံမှုများ ဖြစ်ပြီး လယ်ဧကထောင်ချီ ပျက်စီးဆုံးရှုံးနေသည့်အတွက် ၎င်းအင်းများအား တရားဝင် ဖျက်သိမ်းပေးပါရန် ရွာပေါင်း ၂၀ ကျာ်မှ လယ်သမားများနှင့် ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင်များ ပူပေါင်း၍ သမ္မတ ဦးသိန်းစိန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ယမန်နေ့က တိုင်ကြားစာပို့ထားကြောင်း သိရသည်။ ယင်းဒေသရှိ အင်းများသည် ကန်တူး၍ ငါးမွေးမြူခြင်းမျိုး မဟုတ်ဘဲ စီးဆင်းနေဆဲ ချောင်းများ၊ မြစ်လက်တက်များနှင့် တူးမြောင်းများအတွင်း လေလံကွက်များ ချပေးထားခြင်းဖြစ်ကြောင်း၊ တရားဝင် လေလံရ အင်းပိုင်ရှင်များမှတဆင့် ကန်ထရိုက် ပြန်ချပေးပြီး ခွဲဝေလုပ်ပိုင်ခွင့်များ ပြုနေခြင်း ဖြစ်ကြောင်း သိရသည်။၊ လယ်သမားများ ရေလိုအပ်နေချိန်တွင် ရေမရရှိဘဲ၊ မလိုအပ်သည့် အချိန်၌ ရေဖောက်ချသည့်အတွက် အင်းသမားများနှင့် လယ်သမားများမှာ ပဋိပက္ခ မကြာခဏ ဖြစ်နေကြောင်း၊ ထို့ကြောင့် အင်းသမားများကို လယ်သမားများက ဆန္ဒပြရန်အတွက် စာတင်ထားသော်လည်း ၃ ကြိမ်ရှိသည့်တိုင် ခွင့်ပြုချက် မရကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။