သတင်းတို

အင်္ဂလန် ချဲလ်ဆီး အသင်း Grand Royal ကြော်ငြာ သဘောတူ

This article has been converted from Zawgyi One to Unicode

အင်္ဂလန် နာမည်ကြီး ဘောလုံးအသင်း ချဲလ်ဆီးကလပ် အသင်းနှင့် မြန်မာ နိုင်ငံမှ အရက် ကုမ္ပဏီကြီး တခုဖြစ်သည့် Grand Royal ကုမ္ပဏီ လီမိတက်တို့ ကြော်ငြာလုပ်ငန်း ဆိုင်ရာ အကျိုးတူ ပူးပေါင်းရေး စာချုပ်ကို အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ချုပ်ဆိုလိုက်ကြောင်း သတင်းရသည်။ ချဲလ်ဆီးအသင်း၏ အမှတ်တံဆိပ် (လိုဂို) နှင့် ဘောလုံးသမားများ၏ ဓာတ်ပုံများ၌ Grand Royal ကုမ္ပဏီ တံဆိပ်များ ရိုက်နှိပ်၍ ကြော်ငြာလုပ်ငန်းများတွင် ၂ နှစ် တရားဝင် သုံးစွဲခွင့် သဘောတူခြင်း ဖြစ် ကြောင်း The Voice ဂျာနယ်က ရေးသားထားသည်။ Grand Royal သည် ပြည်တွင်း၌ ကျင်းပသော မြန်မာ နေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲများကို ပံ့ပိုးကူညီနေသည့် ကုမ္ပဏီတခုလည်း ဖြစ်သည်ဟု ဆိုသည်။

Loading