သတင်းတို

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်

This article has been converted from Zawgyi One to Unicode

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) သည် ယနေ့နံက် အစောပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံတရုံတွင် ကွယ်လွန်သွားကြောင်း သမီး ဖြစ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင် ခဲ့သည့် ဗိုလ်မှူးချုပ် ကျော်ဇောသည် ၁၉၇၆ ခုနှစ် ခန့်က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာခဲ့ပြီး တရုတ် နိုင်ငံ၌ နိုင်ငံရေး ခိုလှုံနေသူဖြစ်သည်။ ၎င်း၌ သားသမီး ၄ ဦးရှိရာ ကွယ်လွန်ချိန်တွင် ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ကြောင်း သိရသည်။ သားတဦး ဖြစ်သည့် ဦးကျော်ဇောဦးမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။

Loading