စင်္ကာပူနိုင်ငံ ကုန်သွယ်ရေး၊ စက်မှု နှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဝါရင့် ဝန်ကြီး Mr Lee Yi Shyan သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၈ ရက်မှ စတင်၍ ၁၁ ရက်အထိ သွားရောက်နေကြောင်း သိရသည်။ စီးပွားရေး လုပ်ငန်းရှင်များကို ဦးဆောင်လာသော စင်္ကာပူ ဝန်ကြီး သည် မြန်မာနိုင်ငံမှ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စသည့် တာဝန် ရှိသူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် တခြားသော စီးပွားရေး ဆိုင်ရာများ ကို ဆွေးနွေးဖွယ် ရှိကြောင်း Channel News Asia တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။