၂၄ နှစ်မြောက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒို့ရိုးရာစားသောက်ဆိုင်တွွင် နေ့လည် ၁ နာရီ၌ ကျင်းပသွားမည်ဖြစ်သည်။ ဖျက်သိမ်းခံခဲ့ရသည့် ပါတီတခုဖြစ်သဖြင့် ယခင်နှစ်များက ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့သော်လည်း တရားဝင်ပါတီ ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဟုသိရသည်။ နှစ်ပတ်လည်နေ့ အခမ်းအနားကို တိုင်းရင်းသားပါတီများ အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း ဖိတ်ကြားထားသည်ဟု သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။