၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော် တွင် ပထမဆုံး မုန်းတိုင်း တခု ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သတင်းရသည်။ ယမန်နေ့က စတင်၍ မြန်မာနိုင်ငံ တောင်ပိုင်းသို့ ချဉ်းကပ် လာသော GAEMI အမည်ရှိ အပူပိုင်း မုန်တိုင်း ၏ အကြွင်း အကျန် တိမ်တိုက်များသည် ကပ္ပလီ ပင်လယ် ပြင် မြောက် ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ တောင်ပိုင်း တို့ကို ဖြတ်သန်း ခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်း အတွင်း ရောက်ရှိလာပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း၊ မကြာမီ မုန်တိုင်းငယ် တခုအဖြစ်သို့ ရောက်ရှိ လာနိုင် ကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင် ၏ ဝက်ဘ်ဆိုက်တွင် ရေးထားသည်။ ယင်း မုန်တိုင်းငယ် သည် မြောက်-အရှေ့ ယွန်းယွန်း သို့ ရွေ့လျား၍ ယနေ့ မွန်းတည့်မှ ၂၄ နာရီ၊ ထိုမှ ၃၆ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟုလည်း ဆိုသည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။