ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSA-N) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် လားရှိုးမြို့ ရွှေလီခန်းမတွင် ယမန်နေ့က တွေ့ဆုံကြကြောင်း သတင်းရရှိသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ တက်ရောက်ကြောင်း၊ SSA မြောက်ပိုင်းမှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်နှင့် ဗဟို ကော်မတီဝင် ၉ ဦးတို့ တက်ရောက်ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲကို ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ကျင်းပသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။