၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံချက်အတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် (၃/၂၀၁၂) အစည်းအဝေးကို ယမန်နေ့က ကျင်းပသည်။ မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူခဲ့သည့် လုပ်ငန်းကို ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တို့တွင်သာ ကောက်ယူခဲ့ဖူးပြီး အနှစ် ၃၀ ကြာမှ ပြန်လည် ကောက်ယူခြင်းကြောင့် အခက်အခဲများ ရှိနိုင်ကြောင်း၊ ယခု ၁၆ လကြာ ဆောင်ရွက်ပြီးနောက် အတိုင်းအတာတခုအထိ ပြီးစီးပြီဖြစ်ကြောင်း ယင်းအစည်းအဝေးပွဲတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် သန်းခေါင်စာရင်းကို အပြီးသတ် စာရင်းထုတ်ပြန်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။