လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့မှစ၍ အစိုးရသတင်းစာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar တို့ကို နေပြည်တော်နှင့် မန္တလေးတို့တွင် နေ့စဉ် ရောင်စုံဖြင့် ပုံနှိပ်ထုတ်ဝေမည်ဟု သိရသည်။ ရန်ကုန်တွင်မူ မြန်မာအလင်းနှင့် ကြေးမုံကို တပတ်ခြားစီ ထုတ်ဝေမည်ဖြစ်ကြောင်း၊ သတင်းစာအားလုံး နေ့စဉ် ရောင်စုံဖြင့် ပုံနှိပ်ထုတ်ဝေမှုကို ဒီဇင်ဘာလလယ်မှ စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းစာများတွင် ကြေညာထားသည်။ သတင်းစာဈေးနှုန်းပြောင်းလဲခြင်း မရှိကြောင်းနှင့် ဈေးတင်ခြင်း မပြုလုပ်ရန်လည်း ကြေညာထားသည်။ ပုဂ္ဂလိပိုင် သတင်းစာများ ထုတ်ဝေခွင့်မှာမူ လျှောက်ထားကြဆဲ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။