ကျွန်းသစ်လုံး ၂၂၉ လုံး၊ ကျွန်းသစ် ခွဲသား ၁၃.၃၂၀၂ တန် စသည့် တရားမဝင်သစ်များကို မန္တလေးတိုင်း တံတားဦးမြို့နယ် အတွင်း ရှိ ကျေးရွာ ၅ ရွာမှ ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ အဆိုပါ သစ်များသည် ကသာ၊ ဗန်းမော် ဒေသမှ ဖြစ်ပြီး ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် အရေအတွက် အများအပြား ဖမ်းဆီးမိခြင်းဖြစ်သည်ဟု တံတားဦး မြို့နယ် သစ်တော ဦးစီး ဌာန က ဧရာဝတီ သို့ ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။