သတင်းတို

KNU ခေါင်းဆောင်များအကြား တင်းမာမှု နားလည်မှုစတင်ရရှိ

This article has been converted from Zawgyi One to Unicode

ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ခေါင်းဆောင်တချို့ အကြား ဖြစ်ပွားနေသော တင်းမာမှုများ လတ်တလော နားလည်မှု စတင်ရရှိထားကြောင်း သတင်းရသည်။ နှစ်ဘက်နားလည်မှုအရ စနေနေ့ တွင် KNLA ခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲကို ရွှေ့ဆိုင်း လိုက် ကြောင်း၊ နှစ်ဘက် ဦးဆောင်သူများ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း KNU က ပြောသည်။ စက်တင် ဘာ ၂၉ ရက်က ကရင်ပြည်နယ် ဘားအံမြို့၌ KNU ဗဟို ဆက်ဆံရေးရုံးဖွင့်သည့် ကိစ္စနှင့်ပတ်သက်ပြီး တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Loading