တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုင်ငံရေး ခိုလှုံနေရင်း အောက်တိုဘာ ၁၀ ရက်က ကွယ်လွန်သွားသည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော(အသက် ၉၃ နှစ်)၏ နာရေးသတင်းကို ယနေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြသည်။ ၎င်း၏ဈာပနအခမ်း အနားကို ကူမင်းမြို့တွင်ပင် အကျဉ်းရုံး ကျင်းပကြောင်း သိရသည်။ လွတ်လပ်ရေး တိုက်ပွဲဝင် ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော သည် စစ်ရေး လျှို့ဝှက်ချက်များ ပေါက်ကြားမှုဖြင့် စွပ်စွဲခံရပြီး တပ်မတော်မှ ထုတ်ပယ် ခံထားရသူ ၊ ထို့နောက် တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာလာပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ၏ ဦးဆောင်သူ တဦးအဖြစ် တာဝန် ယူ ခဲ့သူ တဦးဖြစ်သည်။ ယခင်က ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အစိုးရ သတင်းစာများက ယခုကဲ့သို့ အရေးတယူ ဖော်ပြခြင်း မရှိခဲ့ပေ။ လက်ရှိ အစိုးရ သမ္မတ ဦးသိန်းစိန် က လည်း ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော မကွယ်လွန်ခင် မြန်မာပြည်သို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။