တောင်ကိုရီးယား နိုင်ငံ STX Group ကုမ္ပဏီ က မြန်မာနိုင်ငံ၏ သဘောၤကျင်း လုပ်ငန်းနှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍ များ၌ လာရောက် လုပ်ကိုင်ရန် ကမ်းလှမ်းကြောင်း သိရသည်။ တောင်ကိုရီးယား သို့ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က ဘူဆန်မြို့ရှိ STX Group ကုမ္ပဏီ၏ သဘောၤတည်ဆောက်ရေး လုပ်ငန်းကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သွားရောက် လေ့လာ ရာတွင် ကုမ္ပဏီ ဥက္ကဌက ယင်းသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ကြေးမုံ သတင်းစာ၌ ပါရှိသည်။ ဦးသိန်းစိန်ကလည်း မြန်မာ နိုင်ငံ ၏ အထူး စီးပွားရေးဇုန် ၃ ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဦးသိန်းစိန်သည် တောင် ကိုရီးယား သမ္မတ လီမြောင်ဘက်၏ ဖိတ်ကြားချက်ဖြင့် အောက်တိုဘာ ၇ ရက်မှ ၁၀ အထိ ခရီးစဉ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။