သတင်းတို

SSA မြောက်ပိုင်းနှင့် အစိုးရ ပဏာမ သဘောတူညီချက်များ ရရှိ

This article has been converted from Zawgyi One to Unicode

အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)အဖွဲ့တို့ ရှမ်းပြည် နယ် လားရှိုးမြို့နယ်တွင် ၂ ရက်ကြာ ပြုလုပ်သည့် ညှိနှိုင်း ဆွေးနွေးပွဲမှ ပဏာမ သဘောတူညီချက်များ ရရှိကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်ဆွေးနွေးပွဲ၌ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP)/SSA-N ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးခွန် ဆိုင် ဦးဆောင်၍ ခေါင်းဆောင် တချို့ တွေ့ဆုံ ဆွေးနွေး ကြသည်ဟု အစိုးရ သတင်းစာများ၌ ပါရှိသည်။

Loading