အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဘန်းစ်(William Burns)သည် လာမည့် အပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း၏ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မစ္စတာ ဝီလျံ ဘန်းစ်သည် ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဖွယ်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ယမန်နှစ် ဒီဇင်ဘာလ အတွင်းက မြန်မာသို့လာရောက်သည့် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ပြီးလျှင် အမေရိကန် ၏ တာဝန်အရှိဆုံးထဲမှ ဒုတိယ ဖြစ်ကြောင်း AP သတင်းက ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။