• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ကြံ့ခိုင်ရေးပါတီ အဓိက လိုအပ်ချက်မှာ လူထုယုံကြည်မှုဟု ဆို

by သာလွန်ဇောင်းထက်
15 October 2012
in Election 2020
A A
img_4067
thura-u-aye-myint
u-htay-oo
u-myint-swe
u-nyan-win
3.6k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ အဓိက ကြုံတွေ့နေရသည့် အားနည်းချက်မှာ လူထုယုံကြည်မှု လိုအပ်နေခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောဆိုလိုက်သည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
189
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
419
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
103

နေပြည်တော်တွင် ယမန်နေ့က ကျင်းပသည့် ကြံ့ခိုင်ရေးပါတီ ညီလာခံပထမနေ့ အစည်းအဝေးအပြီး ပြုလုပ်သော ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဓိက ကတော့ အားနည်းချက် ဆိုတဲ့နေရာမှာ ယေဘုယျပဲ ခြုံပြီးတော့ ပြောမယ်ဆိုရင် လူထုယုံကြည်မှု လိုတာပေါ့။ လူထုယုံကြည်ရင် ရွေးကောက်ပွဲဆိုတာ သာမညပါပဲ။ အဓိကက လူထုက ယုံကြည်ဖို့လိုတယ်။ လူထုကနေပြီးတော့ သူတို့ အကျိုးအတွက် နိုင်ငံ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်မယ့် သူတွေလို့ ယုံကြည်ရင် အဲဒီလူကို ရွေးမှာပဲ။ မယုံကြည်သရွေ့ကတော့ ဘာပဲလုပ်ပေးနေနေ ရွေးမှာမဟုတ်ဘူး” ဟု ဦးဌေးဦးက ပြောသည်။

လူထုယုံကြည်မှု လိုအပ်နေသည်ဟု ဦးဌေးဦးက ပြောဆိုသော်လည်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးသိန်းဇော်ကမူ ကြံ့ခိုင်ရေးပါတီတွင် ပါတီဝင်အင်အား တိုးတက်လျက်ပြီး ကြံ့ခိုင်ရေးအသင်းမှ ပါတီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းသည့် ၂၀၁၀ ခုနှစ်မှ ယနေ့အချိန်အထိ ပါတီဝင်အင်အား ၄ သန်းကျော်ရှိလာပြီဟု ဆိုသည်။

“စည်းရုံးပြီး ပါတီဝင်အင်အားက ၄ သန်းကျော် ရှိပြီဖြစ်ပါတယ်။ ပါတီအဖွဲ့အစည်း အဆင့်ဆင့် ခိုင်မာစွာ ဖွဲ့စည်းခဲ့နိုင်ခဲ့အတွက် ပြည်နယ်/တိုင်းဒေသကြီး ကော်မတီ ၁၉ ခု၊ ခရိုင်ပါတီကော်မတီပေါင်း ၆၃ ခု၊ မြို့နယ်ပါတီ ကော်မတီပေါင်း ၃၂၅ ခုနဲ့ ရပ်ကွက်ကျေးရွာအုပ်စု ပါတီအဖွဲ့ပေါင်း ၁၅၁၆၀ ခု၊ စုစုပေါင်း ၁၅၅၆၇ ခု ဖွဲ့စည်း တည်ထောင်ပြီး ဖြစ်ပါတယ်” ဟု ဦးသိန်းဇော်က ပါတီညီလာခံသို့ တင်သွင်းသော ဗဟိုအလုပ်အမှုဆောင် အစီအရင်ခံစာတွင် ထည့်သွင်းပြောသည်။

ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ ပါတီကို ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူ့ပါတီပုံစံ အသွင်ပြောင်းလဲရန် တိုက်တွန်းပြောဆိုသည်။

“ဒီမိုကရေစီစနစ်ကို အများကြိုက်သလို အများကပဲ ပိုင်တာဖြစ်ပါတယ်။ အများနဲ့သက်ဆိုင်နေ၍ပင် ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျစွာ ကျင့်သုံးဆောင်ရွက်ကြရန်လည်း လိုပါတယ်” ဟု ဦးရွှေမန်းက ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ညီလာခံတွင် ပါတီဥက္ကဋ္ဌရာထူးအတွက် ရွေးချယ်မှုများ ပြုလုပ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဘဲ သမ္မတ ဦးသိန်းစိန်ကသာ  ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် ဆက်လက် ဆောင်ရွက်မည်ဟု ပါတီဗဟို အလုပ်အမှုဆောင်များက ပြောဆိုကြသည်။

“ပါတီဥက္ကဋ္ဌက လက်ရှိသမ္မတပဲ။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတက ပါတီနိုင်ငံရေး လုပ်ခွင့်မရတာ။ ပါတီက နုတ်ထွက်စရာ မလိုဘူး။ သမ္မတက ဦးဆောင်နေတာ အားလုံးကောင်းနေတာပဲ” ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သောင်းက ဧရာဝတီသို့ ပြောသည်။

ဦးဌေးဦးကလည်း သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌရာထူးတွင် ဆက်လက်ရှိနေမည် ဖြစ်သော်လည်း သမ္မတရာထူး ထမ်းဆောင်နေ၍ ပါတီလုပ်ငန်းများ အပြည့်အ၀ မထမ်းရွက်နိုင်သောကြောင့် ထမ်းရွက်နိုင်သူများက ဝိုင်းဝန်း လုပ်ဆောင်ပေးကြမည်ဖြစ်ကြောင်း ရှင်းပြသည်။

“သမ္မတက ပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌ ရာထူးတာဝန် ပေးထားတယ်။ သူရဲ့ ဥက္ကဋ္ဌရာထူးတာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။ ဥက္ကဋ္ဌနေရာမှာ သမ္မတကြီး ဆက်ရှိနေမှာပါ” ဟု ဦးဌေးဦးက ဆိုသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးမည့် ကြံ့ခိုင်ရေးပါတီတွင် လူမှုရေးအခြေခံသော စိတ်ဓာတ်များဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနိုင်ခြင်း၊ မနိုင်ခြင်းထက် ပြည်သူနှင့် ဒေသအကျိုး ဆောင်ရွက်ရမည်ဆိုသော စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးဌေးဦးက ဆက်လက်ပြောသည်။

“ရွေးကောက်ပွဲ နိုင်တာ ရှုံးတာက ပြည်သူက အဆုံးအဖြတ်ပဲ ကိုယ်ဘာမှ ပြောလို့မရဘူး။ ကိုယ်လုပ်စရာရှိတာကတော့ အကျိုးရှိတဲ့ လုပ်ငန်းတွေကို ဟိုအရင်တုန်းက ကျနော်တို့ရှိတဲ့ လူမှုရေးစိတ်ဓာတ်ကို အခြေခံပြီး လုပ်ဖို့ပဲ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိရေး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှသာဖြစ်နိုင်ပြီး ကြံ့ခိုင်ရေးပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အစီအစဉ် မရှိကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များက ဆိုကြသည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ဆွဲထားတာလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ သမ္မတဖြစ်ဖို့ ပြည့်စုံရမယ့် အရည်အချင်း သတ်မှတ်ချက်တွေက ၁၉၄၇ မှာလည်း ပါတယ်။ ၇၄ မှာလည်း ပါတယ်။၂၀၀၈ မှာလည်း ပါတယ်။ တဦးတယောက်အတွက် ရည်ရွယ်တာ မဟုတ်ပါဘူး။ အားလုံးအတွက် ရည်ရွယ်တာဖြစ်တော့ သူတို့ပြန်ပြီး ပြုပြင်ပေးရမယ် ဆိုရင်လည်း အများသဘောနဲ့ လုပ်ရမှာပေါ့။ တယောက်တည်း သဘောတော့လည်း ဘယ်လုပ်လို့ရမလဲ။ ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးဘူး” ဟု ဦးဌေးဦးက ဆက်ပြောသည်။

ကြံ့ခိုင်ရေးပါတီ၏ ပထမဆုံးအကြိမ် ညီလာခံကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး တနိုင်ငံလုံးမှ ကြံ့ခိုင်ရေးပါတီဝင်များ တက်ရောက်လျက်ရှိကြောင်း၊ ပထမနေ့ ညီလာခံ အစည်းအဝေးသို့ သမ္မတဦးသိန်းစိန် ခေတ္တလာရောက်ပြီး ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကို နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

Your Thoughts …
Tags: USDP
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး တပ်မတော်အပေါ် သြဇာညောင်းဆဲ

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး တပ်မတော်အပေါ် သြဇာညောင်းဆဲ

မြန်မာ အသင်း ဆူဇူကီး ဖလား ခြေစစ်ပွဲ အောင်

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate