မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ၂၀၁၂ ဆူဇူကီးဇလား ခြေစစ်ပွဲတွင် မြန်မာဘောလုံး အသင်းက ပထမ နေရာမှ ခြေစစ်ပွဲ အောင် ခဲ့သည်။ မြန်မာ အသင်းသည် စနေနေ့က လာအိုနိုင်ငံ အသင်းနှင့် ယှဉ်ပြိုင်ကစားပြီး သရေ ရလဒ်ဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာအသင်းက ၃ ပွဲနိုင် ၁ ပွဲ သရေ ၁၀ မှတ် ဖြင့် ပထမ ၊ လာအို အသင်းက ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ၇ မှတ်ဖြင့် ခြေ စစ်ပွဲ အောင်သွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ နောက်ဆုံးအဆင့် ပွဲစဉ်များကို နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ မြန်မာ၊ ထိုင်း နှင့် မလေးရှား နိုင်ငံများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။