ကြံ့ခိုင်ရေး ပါတီ ပထမ အကြိမ် ညီလာခံကို နေပြည်တော် ဒက္ခိဏ သီရိ မြို့နယ်ရှိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ အောက် တိုဘာ ၁၄ ရက်က စတင် ကျင်းပနေသည်။ အောက်တိုဘာ ၁၇ ရက်အထိ ကျင်းပမည့် ယင်းညီလာခံ၌ လစ်လပ်လျက်ရှိသော ဥက္ကဌ နေရာ အစားထိုးရွေးချယ်ရေးနှင့် ပတ်သက်ပြီး ကောလာဟလ သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ယခင် ဥက္ကဌမှာ ဦသိန်းစိန် ဖြစ်ပြီး သမ္မတ တာဝန် ရယူလိုက်သောကြောင့် လစ်လပ်သွားရာ ဒု ဥက္ကဌ ဦးရွှေမန်းက ယာယီ ဥက္ကဌ အဖြစ် ပူးတွဲ တာဝန် ယူထားသည်။ ဦးရွှေမန်းသည် ပြည်သူ့ လွှတ်တော် ဥက္ကဌ လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။