သတင်းတို

KNU ဗဟို အလုပ်အမှုဆောင် စောဒေးဗစ်ထော ကွယ်လွန်

This article has been converted from Zawgyi One to Unicode

ကရင် အမျိုးသား အစည်းအရုံး(KNU) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် အသက် ၇၀ ဝန်းကျင်ရှိ စော ဒေးဗစ်ထော သည် ယမန်နေ့ ည က ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သတင်းရသည်။ ၎င်းသည် အဆုတ်ရောဂါ ပြင်း ထန်လာသည့် အတွက် ဆေးရုံ၌ နှစ်ပတ်ခန့် ဆေးကုသမှု ခံယူရပြီး ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးသည် နော်ဂျင်ဂျာ နှင့် သမီး ၃ ဦး၊ သား ၂ ဦး ကျန်ရစ်ခဲ့ကြောင်း၊ ၎င်း၏ ရုပ်ကလာပ်ကို ယနေ့ ထိုင်း-မြန်မာ နယ်စပ်သို့ သယ်ဆောင်၍ ခရစ်ယာန် ဘာသာ ထုံးစံအရ သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

Loading