သတင်းတို

တရုတ် ပင်လယ်ဖျံများ နေပြည်တော် ရောက်ရှိ

This article has been converted from Zawgyi One to Unicode

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ပင်လယ်ဖျံ ၄ ကောင်ကို အများပြည်သူ ကြည့်ရှုနိုင်ရန် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်သို့ ပို့ဆောင် လိုက် ကြောင်း သတင်းရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ပို့ဆောင်လိုက်သော အသက် ၃ နှစ် ဝန်းကျင်ရှိ ယင်း ပင်လယ်ဖျံ အမ ၂ ကောင် ၊ အထီး ၂ ကောင် သည် တောင်အမေရိက မျိုးစိတ်များ ဖြစ်ကြောင်း၊ ရှန်ဟိုင်း သဘာ၀ တိရစ္ဆာန် ဥယျာဉ်နှင့် မြန်မာနိုင်ငံ သစ်တော ဝန်ကြီးဌာနတို့၏ တောရိုင်း တိရစ္ဆာန် လဲလှယ်ရေး အစီအစဉ်အရ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

Loading