ထိုင်းနိုင်ငံမှ PTT စွမ်းအင်ကုမ္ပဏီက မြန်မာပြည်တွင် လက်ငင်း ဝယ်ယူ သုံးစွဲနိုင်သော စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ယင်း အစီအစဉ်ကို လာမည့် ၅ နှစ်အတွင်း မြန်မာပြည်တွင်းမှ လုပ်ငန်းရှင်များနှင့် တွဲဖက် လုပ်ကိုင်နိုင်ရန် မှတ်ပုံ တင်ထားကြောင်း၊ မကြာမီ အတည်ပြုချက် ရရှိမည်ဖြစ်ကြောင်း PTT ကုမ္ပဏီ အကြီးအကဲတဦးဖြစ်သည့် Auttapol Rerkpiboon ကို ကိုးကား၍ Oil and Gas News World Wide အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။ လက်ရှိတွင်လည်း PTT သည် စက်ဆီ ချောဆီများကို ထိုင်း နိုင်ငံမှ မြန်မာပြည်တွင်းပို့ဆောင် ဖြန့်ချိလျက် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။