• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

OIC ရုံး ပေးမဖွင့်တော့ဟု သမ္မတရုံး ထုတ်ပြန်

by လင်းသန့်
15 October 2012
in သတင်း
A A
OIC ရုံး ပေးမဖွင့်တော့ဟု သမ္မတရုံး ထုတ်ပြန်

OIC ရုံး ဖွင့်ခွင့် မပြုရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့နှင့် မြို့ကြီးများတွင် သံဃာတော်များက ယနေ့ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ (ဓာတ်ပုံ- ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation- OIC) ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်ကြေညာလိုက်သည်။

“ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၎င်းရုံး ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း” ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ကြေညာထားသည်။

RelatedPosts

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
108
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
7
ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

ဖားကန့်မှာ အရပ်သားရုပ်အလောင်းတွေ ဆက်တိုက်တွေ့ (ရုပ်/သံ)

17 June 2025
23

ယင်းထုတ်ပြန်ကြေညာချက်မှာ OIC ရုံး ဖွင့်ခွင့် မပြုရေး ကန့်ကွက်ဆန္ဒပြမှုများ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့နှင့် မြို့ကြီးတချို့တွင် ယနေ့ နေ့လယ်ပိုင်းမှ စတင်ကာ ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ယနေ့ နေ့လယ် ၁ နာရီ၌ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် စုရပ်အဖြစ် ရောက်ရှိလာပြီး ရဟန်းသံဃာတော်များနှင့် ပြည်သူများက OIC ရုံး အလိုမရှိ စသည့် စာတမ်းများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ကြောင်း၊ ဦးဝိစာရ လမ်းမှ ဖြတ်၍ မြို့တော်ခမ်းမအရောက် နေ့လယ် ၂ နာရီခွဲခန့်တွင် အဆုံးသတ်လိုက်ကြောင်း သိရသည်။

အလားတူ ပခုက္ကူ၊ မန္တလေး၊ စစ်တွေ၊ ပုဏ္ဏားကျွန်း စသည့်မြို့များတွင်လည်း OIC ရုံး အခြေစိုက်လာမည်ကို ကန့်ကွက် ဆန္ဒပြမှုများ ကျင်းပခဲ့သည်။

ယခုကဲ့သို့ OIC ရုံးစိုက်မည့်အရေး စိုးရိမ်ကန့်ကွက်မှုများအပေါ် တုန့်ပြန်သောအားဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရကလည်း ယမန်နေ့ကတည်းက ရှင်းလင်းချက်များ ထုတ်ပြန်ထားခဲ့ပြီး ယနေ့ ည ၈ နာရီ သတင်းတွင်လည်း အသေးစိတ် ကြေညာသွားရန် ရှိကြောင်း ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ယခုဆန္ဒပြမှုများသည် မူဆလင်များနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီး ဒုက္ခသည်များအား ကူညီထောက်ပံ့မှုများပေးရန် OIC နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူုးချုပ်တို့ နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးပြီး လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေး ယာယီ ဆက်ဆံရေးရုံး အခြေစိုက်မည်ကိစ္စကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

OIC နှင့် နားလည်မှု စာချွန်လွှာအရ ယာယီရုံးတခု ထားရှိကာ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး လုပ်ဆောင်ရန်သာ ပြောဆိုခဲ့ပြီး MoU သဘောအရ နှစ်ဦးနှစ်ဖက် ပြန်လည် ညှိနှိုင်း၍ရကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြောဆိုသည်။

“OIC နဲ့ ထိုးတယ်ဆိုတာ Humanitarian ground (လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာကိစ္စ) အရ ဒါက နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတာ။ ဆိုတော့ MoU ဖြစ်တဲ့အတွက် ကျနော်တို့က ပြန်ပြီး ညှိနှိုင်းလို့ ရပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာအစိုးရနှင့် တရုတ်အစိုးရ နားလည်မှု စာချွန်လွှာ MoU အရ လုပ်ကိုင်ဆောင်ရွက်နေသော မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူအများက ကန့်ကွက် ဆန္ဒပြမှုကြောင့် စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းပေးခဲ့ဖူးသည်။

ဆော်ဒီအာရေဗျရှိ OIC ရုံးသို့ ဧရာဝတီက အီးမေးလ်နှင့် ဆက်သွယ်မေးမြန်းရာ OIC ၏ မွတ်စလင် အသိုင်းအဝိုင်းနှင့် လူနည်းစုရေးရာဌာနမှ ရိုဟင်ဂျာအရေး တာဝန်ခံ အမျိုးသမီး Dina Madani က ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပေးအပ်ရေး အတူပူးပေါင်းဆောင်ရွက်ရန် နားလည်မှုဆိုင်ရာ စာချွန်လွှာကို အစိုးရနှင့် OIC တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ပဋိပက္ခဖြစ်သည့် လူ့အဖွဲ့အစည်း ၂ ဘက်လုံးကို အကူအညီပေးရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျမတို့ ရဟန်းသံဃာတွေနဲ့ ဆန္ဒပြနေတဲ့ သူတွေကို ပြောချင်တာက ကျမတို့ဟာ လူ့အဖွ့ဲအစည်း ၂ ခုလုံးကို အကူအညီတွေ ပေးချင်တာပါ။ ကျမတို့မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဆိုပြီး ခွဲခြားမှုတွေမရှိဘဲ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကျမတို့ လက်တွဲ လုပ်ဆောင်ချင်ပါတယ်၊ ပဋိပက္ခတွေကိုလည်း ဆက်မဖြစ်စေချင်ပါဘူး” ဟု မစ္စ Dina Madani က ဆိုသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒု ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ပြည်တွင်းရုပ်သံလိုင်း Sky Net သို့ ရှင်းလင်း ပြောကြားချက်တွင် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ဆောင်ရွက်နေသော လုပ်ငန်းအားလုံးသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မှုနှင့် စနစ်တကျ လုပ်ဆောင်သွားရေးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပွားအပြီး မွတ်စလင်ကမ္ဘာမှ ရိုဟင်ဂျာဒုက္ခသည်များအရေး ဖိအားပေးမှုများ မြင့်တက်လာခဲ့သောကြောင့် သံတမန်ရေးအရ မွတ်စလင်နိုင်ငံများ၏ ကိုယ်စားလှယ်များ၊ အထူးသဖြင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့၊ အင်ဒိုနီးရှား ဒု သမ္မတဟောင်းနှင့် အဖွဲ့တို့ကို လက်ခံခဲ့ရပြီး တခြားမွတ်စလင်နိုင်ငံများ၏ သံအမတ်များကို ရခိုင်အရေး အကူအညီပေးရေးအတွက် လမ်းဖွင့်ပေးခဲ့ရသည်။

သို့ရာတွင် OIC ရုံး ဖွင့်ခွင့်ပေးခြင်းကိုမူ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဆွေများ အထူးသဖြင့် အမေရိကန်၊ အာဆီယံတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိပေ။ အာဆီယံ၏ ရခိုင်အရေး ကမ်းလှမ်းခဲ့မှုကို မြန်မာက မသိကျိုးကျွံပြုပြီး OIC ကို ပေးဝင်ခဲ့သဖြင့် အာဆီယံအဖွဲ့အနေဖြင့် စိတ်ပျက် အံ့အားသင့်ခဲ့ရကြောင်း အာဆီယံသံတမန် သတင်းရပ်ကွက်အဆိုအရ သိရသည်။

နိုင်ငံရေးဝေဖန်သုံးသပ်သူများကလည်း မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး မူဝါဒ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု ဆိုနေသော်ငြားလည်း အရေးအကြီးဆုံးဖြစ်သော မြန်မာလူထု သိရှိနားလည်စေရန် သတင်းအချက်အလက် အချိန်မီ မထုတ်ပြန်ခြင်း၊ မူဝါဒရေးရာ ဖော်ဆောင်ရေးတွင် ပါဝင်ဆုံးဖြတ်ခွင့်ကို ထဲထဲဝင်ဝင် အသိအမှတ် မပြုခြင်းတို့ကြောင့် ယခုကဲ့သို့ ဆန္ဒပြပွဲများ ပြန့်ပွားလာမှ ဖုတ်ပူမီးတိုက် ကိုင်တွယ်ဖြေရှင်းသည်မှာ နည်းလမ်းမကျဟု ဆိုနေကြသည်။

Your Thoughts …
Tags: OIC
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

by ဧရာဝတီ
17 November 2023
3.9k

တရားရုံးက ထိုအမှုကို စီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားသော်လည်း ကြားနာမည့် အစီအစဉ်ကို မပြုလုပ်ရသေးပေ။

ဖေဖေါ်ဝါရီ ၂၁ရက်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် မြန်မာအပေါ် ဂမ်ဘီယာက တရားစွဲထား သည့်အမှုကို ပြန်လည်ချေပနေသည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့  / အိုင်စီဂျေ ဝက်ဘ်ဆိုဒ်

OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော

by ဧရာဝတီ
22 February 2022
11k

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းမြန်မာစစ်ကောင်စီကို အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု လက်ခံထွက်ဆိုခွင့်ပြုသည့်အပေါ် ကန့်ကွက်ကြောင်း ၊ ICJ ၏ ဆုံးဖြတ်ချက်များကို NUG က စောင့်ကြည့်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

OIC ဆန့်ကျင်ရေး ရခိုင်အမျိုးသမီးများ ဆန္ဒပြ

OIC ဆန့်ကျင်ရေး ရခိုင်အမျိုးသမီးများ ဆန္ဒပြ

by ခင်ဦးသာ
10 October 2012
4.1k

ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တွင် OIC ရုံးဖွင့်ခြင်းကို မလိုလားသည့် အတွက် စစ်တွေ ဒေသခံ အမျိုးသမီးများ ထောင်ချီ၍ ယနေ့ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဒါကာမြို့ ဘင်္ဂလားဒေ့ရှ် သမ္မတအိမ်တော်တွင် ကျင်းပသော အခမ်းအနားတွင် တွေ့ရသော ပုပ်ရဟန်းမင်းကြီး / Reuters

ပုပ်ရဟန်းမင်းကြီး၏ မြန်မာခရီးစဉ်ကို OIC ကြိုဆို

by ဧရာဝတီ
1 December 2017
10.1k

ယင်းသို့ လည်ပတ်မှုများသည် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများ အထူးသဖြင့် တရားမမျှတမှုနှင့် ဖိစီးနှိပ်စက်ခံရနေရသော ရိုဟင်ဂျာတို့အား မီးမောင်းထိုးပြနိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။

Next Post
လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော

SSA မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲများ ထပ်ဖြစ်နိုင်

၂၀၁၅ ကျင်းပမည့် မြန်မာ့ ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate