သတင်းတို

၂၀၁၅ ကျင်းပမည့် မြန်မာ့ ရွေးကောက်ပွဲ သြစတြေးလျ ကူညီမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် သြစတြေးလျ နိုင်ငံက အကူအညီများ ပေးမည်ဟု ဆိုသည်။ နိုင်ငံ ရေး ပါတီများ မှတ်ပုံတင်ခြင်း အပါအဝင် ရွေးကောက်ပွဲ ဆိုင်ရာ နည်းစနစ်များနှင့် ပတ်သက်ပြီး အကူအညီ ပေးမည် ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် အထက်လွှတ်တော် အမတ် ဘော့ကား က အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေ နှင့် နယူးယောက်မြို့၌ တွေ့ဆုံစဉ် ပြောဆို သွားကြောင်း Radio Australia သတင်းတွင် ရေးထားသည်။ ဦးသန်းဆွေ သည် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Loading