သတင်းတို

ဂျပန် All Nippon Airways တိုကျို-ရန်ကုန် စတင် ပျံသန်း

This article has been converted from Zawgyi One to Unicode

All Nippon Airways Co.,Ltd. လေကြောင်းလိုင်း၏ တိုကျို-ရန်ကုန် တိုက်ရိုက် ပျံသန်းခြင်း ခရီးစဉ်ကို ယမန်နေ့ ညနေပိုင်းက စတင် လိုက်သည်။ တပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး ၊ စနေ ၃ ရက် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယင်း တိုကျို နာရီတာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ် အတွက် 737 အမျိုးအစား ဘိုးရင်း လေယာဉ်ဖြင့် အသုံးပြုသွားမည်  ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ All Nippon Airways လေကြောင်းလိုင်းသည် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့် နှစ် အထိ ရန်ကုန်-အိုဆာကာ ခရီးစဉ် တိုက်ရိုက်ပြေးဆွဲ ခဲ့ဖူးကြောင်း သိရသည်။

Loading