သတင်းတို
OIC ရုံး ဖွင့်ခွင့် မပြုကြောင်း နိုင်ငံပိုင် သတင်းစာများ ဖော်ပြ
This article has been converted from Zawgyi One to Unicode
အစိုးရက အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC)၏ ဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့်မပြုကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်း စာ များ၌ ဖော်ပြသည်။ အဆိုပါရုံးကို ပြည်သူ့ဆန္ဒနှင့် မကိုက်ညီ၍ ဖွင့်လှစ်ခွင့်မပြုခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ထို့အပြင် နိုင်ငံ အချင်းချင်း သို့မဟုတ် နိုင်ငံအများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးခြင်းနှင့် ပတ် သက် ပြီး နိုင်ငံတော် ၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန်၊ အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်၊ အချုပ်အခြာ မထိခိုက်စေရန်၊ သဘာ၀ ပတ်ဝန်းကျင် မထိခိုက်စေရန် စသည့် လမ်းညွှန်ချက်များကို သမ္မတက ချမှတ်ပေးပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု လည်း သတင်းစာများ၌ ပါရှိသည်။