သတင်းတို
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းမိ
This article has been converted from Zawgyi One to Unicode
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ်အတွင်း လှေတစီးပေါ်တွင် စိတ်ကြွဆေး အလုံး ၄၀၀၀၀ ကျော်နှင့် မြန်မာနိုင်ငံသား ၃ ဦး ကို ပြီးခဲ့သည့် စနေနေ့ က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်က ဖမ်းမိကြောင်း သတင်းရသည်။ ယင်း စိတ်ကြွဆေးများသည် မြန် မာ နိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မှောင်ခိုသွင်းလာခြင်း ဖြစ်ကြောင်း၊ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက် မှောင်ခိုသွင်းမည့် မြန်မာနိုင်ငံထုတ် ဘီယာ အလုံး ၃၀၀၀ နီးပါးကို နတ်မြစ်အတွင်း လှေတစီးပေါ်၌ ဖမ်းမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်က ပြောသည်။