သတင်းတို
စင်္ကာပူ ကာချုပ် နှင့် မြန်မာ ကာချုပ် တွေ့ဆုံ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
စင်္ကာပူနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး Neo Kian Hong နှင့် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ အပါအဝင် ၂၀၁၄ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် အကူအညီ ပေးရေးများကို ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။