နေပြည်တော်တွင် ကျင်းပနေသော ပထမအကြိမ် ကြံ့ခိုင်ရေး ပါတီ ညီလာခံက ပါတီ ဥက္ကဌ နေရာအတွက် သမ္မတ ဦးသိန်းစိန်ကို ပြန်လည် ရွေးချယ် လိုက်သည်။ သမ္မတ သက်တမ်းအတွင်း ပါတီ လုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် အတွက် ဒု ဥက္ကဌ ဦးရွှေမန်း ကပင် ဥက္ကဌ(ယာယီ)တာဝန်ကို ဆက်လက်တာဝန်ယူသွားမည်ဟု ဆိုသည်။ ဦးသိန်းစိန်သည် သမ္မတတာဝန်ကြောင့် ယခင် ဥက္ကဌ နေရာမှ နုတ်ထွက်ထားရသည်။ ယခုညီလာခံမှ ဦးရွှေမန်း အပြင် ဒု ဥက္ကဌ အသစ် ၂ ဦးအဖြစ် သူရဦးအေးမြင့်နှင့် ယခင်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး တို့ကို ရွေးချယ်ကြောင်း၊ ယင်းပါတီ ညီလာခံကို အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်း ပခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။