သတင်းတို

ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ အဆများစွာ လျှော့ပေးမည်

This article has been converted from Zawgyi One to Unicode

ပြည်တွင်းတွင် အင်တာနက် ကျယ်ကျယ်ပြန့်ပြန် အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ လျှော့ချပေးတော့မည်ဟု ကြေညာလိုက်သည်။ ပုဂ္ဂလိကများနှင့် ပြည်တွင်းကုမ္ပဏီများအတွက် ADSL တပ်ဆင်ခကို ကျပ် ၆ သိန်းမှ ကျပ် ၅ သောင်း၊ လစဉ်ကြေးကို အမြန်နှုန်းပေါ်မူတည်၍ ၃ သောင်းမှ ၁ သောင်း၊ ၂ သိန်းမှ ၈ သောင်းသို့ အသီးသီး လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။

Loading