ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က နေပြည်တော်၌ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ သွားရောက်ပြီး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် တွေ့ဆုံကြောင်း သိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် ဝန်ကြီး မိုက်ကယ် ပိုစနာနှင့်အဖွဲ့ကိုလည်းကောင်း၊ ပစိဖိတ်ဆိုင်ရာ တပ်မှူး ဗိုလ်ချုပ်ကြီး Niercinski နှင့် အဖွဲ့ကိုလည်းကောင်း၊ သမ္မတ အိုဘားမား၏ အထူးလက်ထောက် မစ္စ ဆမန်သာ ပါဝါနှင့်လည်းကောင်း Aurium Palace ဟိုတယ်တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။