သတင်းတို

ဒုတိယ ကမ္ဘာစစ်က ဗြိတိသျှ တိုက်လေယာဉ်များ တူးဖော်တော့မည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၌ ဒုတိယ ကမ္ဘာစစ်အတွင်းက ဝှက်၍ မြှုပ်နှံထားခဲ့သော ဗြိတိသျှ စပစ်ဖိုင်းယား(Spitfire) တိုက်လေယာဉ်များနှင့် ဆက် စပ်ပစ္စည်းများ ပြန်လည် တူးဖော်ရေး ဆိုင်ရာ သဘောတူ စာချုပ်ကို အောက်တိုဘာ ၁၆ ရက်က လက်မှတ် ရေး ထိုးကြကြောင်း သိရသည်။ လေယာဉ်များ တူးဖော်ရေးကို မြန်မာ လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ် ကုမ္ပဏီ လီမိတက် နှင့် ဗြိ တိန်နိုင်ငံ DJC ကုမ္ပဏီတို့က လုပ်ကိုင်မည်ဖြစ်ပြီး သဘောတူစာချုပ် ချုပ်ဆိုကြခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဖော်ပြ သည်။ ယင်း အစီအစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွမ်း ယခုနှစ် အစောပိုင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန် နှင့် တွေ့ဆုံ ဆွေးနွေးပြီး နောက်ပိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ အောက်တို လကုန်ပိုင်းတွင် လုပ်ငန်း စတင်နိုင်ရန် စီစဉ်နေကြာင်းလည်း AP သတင်းက ဆိုသည်။

Loading