• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင်

by မစပ်စု
18 October 2012
in သတင်း
A A
၂၀၁၁ ရန်ကုန်အကယ်ဒမီနဲ့ မတ္တရာလွင်ပြင်

နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

7.3k
VIEWS
Share on FacebookShare on Twitter

မျှော်တလင့်လင့် ၂၀၁၁ ရန်ကုန် အကယ်ဒမီ

မစပ်စုတို့ရဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကြီးကတော့ ရန်ကုန်မှာ ကျင်းပနေရာကနေ နေပြည်တော်မှာကျင်းပ၊ အခုတခါတော့ နေပြည်တော်မှာ ကျင်းပရာကနေ တပတ်ပြန်လည်ပြီး ရန်ကုန်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
54
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
35
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
66

လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ၂၀၁၁ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို ရန်ကုန် သုဝဏ္ဏမိုးလုံ လေလုံ အားကစားရုံကြီးမှာ ပြန်လည်ကျင်းပတော့မယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ကြေညာလိုက်ပါပြီ။

အခုလို ရန်ကုန်မြို့ကို ပြန်လည်ပြောင်းရွှေ့လိုက်တော့ ရုပ်ရှင်လောကသားတွေ အနေနဲ့ သွားရေးလာရေးလည်း အဆင်ပြေ၊ လူစံတက်စုံ မိသားစု စုံစုံလင်လင်နဲ့ အလှမပျက် အကယ်ဒမီပွဲကို ပြန်တက်နိုင်ကြပြီပေါ့။

ဒီလို အကယ်ဒမီပေးပွဲကို အနုပညာရှင်တွေ တနှစ်တနှစ် နေပြည်တော်မှာသွား တက်နေရတဲ့အတွက် တချို့ဆို ယာဉ် မတော်တဆမှုတွေတောင် ဖြစ်လို့  ဒုက္ခများကြရတယ်ဆိုပြီး ရုပ်ရှင်အစည်းအရုံး ဒုက္ကဋ္ဌ အကယ်ဒမီ လူမင်းက ဆိုပါတယ်။

“နေပြည်တော်ကိုကျတော့ အနုပညာသမားတွေ လူစုံ မတက်နိုင်ဘူးပေါ့။ တချို့ ရုပ်ရှင်ကို တကယ်ချစ်တဲ့ သက်ကြီး ဝါကြီး အနုပညာရှင်ကြီးတွေ၊ မဖြစ်မနေ တက်သင့်တဲ့ လူကြီးတွေ မပါဝင်တော့ဘူးပေါ့။ သွားတဲ့သူတွေလည်း အခက်
အခဲ ဖြစ်ကြတယ်။ မနှစ်ကဆို ကားအက်ဆီဒင့်တွေ ဖြစ်ကြတယ်” လို့ သူက ဆိုပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မနှစ်က အကယ်ဒမီပေးပွဲအပြန် ရုပ်ရှင်အဖွဲ့သားတွေနဲ့ နေပြည်တော်အထွက် ၁၁၅ မိုင်က စားသောက်ဆိုင် တွေမှာ မစပ်စုတို့နဲ့ ကြုံလိုက်သေးတယ်။ မစပ်စုကတော့ ပွဲသွားမော့မော့၊ ပွဲပြန်ကျော့ကျော့ ဆိုတဲ့စကားကိုပဲ သတိရမိတယ်။ ညဘက် အကယ်ဒမီပေးပွဲမှာ လှပ ကျော့မော့နေကြမယ့် ရုပ်ရှင်အဖွဲ့သားတွေဟာ မနက် ရန်ကုန်အပြန် လမ်းခုလပ် စားသောက်ဆိုင်မှာ ဖြစ်သလို ဝင်ရောက် ဝမ်းဖြည့်နေတာ တွေ့ရလို့ပါ။

ရုပ်ရှင်လောကသား တွေဟာ အကယ်ဒမီပေးပွဲကြီးကို ရန်ကုန်ကနေ နေပြည်တော်အထိ သွားရောက်ရတဲ့အတွက် ကားရိုက်တွေနား၊ အချိန်လည်း တော်တော် ပေးရတယ်လို့ သိရပါတယ်။

ဒီတကြိမ် အကယ်ဒမီပေးပွဲကို ဒီဇင်ဘာမှာ စောပြီး ကျင်းပလိုက်ခြင်းဟာ ထူးခြားတယ်လို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ နှစ်တွေဆို အကယ်ဒမီပေးပွဲ ရက်ကို  ရက်နောက်ကျပြီး သတ်မှတ်တဲ့အတွက် ဆုပေးရမယ့် ဇာတ်ကားခုနှစ်ဟာ တနှစ်ခြားမှ တခါ ဆိုသလို ဖြစ်နေတာပါ။ ဥပမာ – ၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီပေးပွဲကို ၂၀၁၂ ဖေဖော်ဝါရီမှ ကျင်းပတာမျိုးဆိုတော့  တမေ့ တမောပေါ့။ အခု ဒီနှှစ် ၂၀၁၂ ဖေဖော်ဝါရီမှာ အကယ်ဒမီ တပွဲ ကျင်းပပေးပြီးပြီပါပြီ။ ဒီဇင်ဘာမှာ တခါ ထပ် ကျင်းပဦးမယ်ဆိုတော့ ဒီတနှစ်ထဲမှာ နှစ်ခါ ကျင်းပလိုက်သလို ဖြစ်နေပါတယ်။ တနှစ်ခြားနေတဲ့ အစဉ်အလာကို ပယ်ဖျက်တော့မယ့် သဘောလို့ မြင်မိပါတယ်။

ဟောလီးဝုဒ် အပါအဝင် အနောက်နိုင်ငံတွေရဲ့ အကယ်ဒမီ ဆုပေးပွဲကြီးတွေကတော့ တနှစ်တခါ ပုံမှန် ပေးသွားတာပါ။ အခု ဒီနှစ်ကနေစပြီး မစပ်စုတို့ မြန်မာပြည်လည်း အဲ့ဒီနည်းအတိုင်း အမီလိုက်တော့မယ် ထင်ပါရဲ့။

၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေ အတွက်ကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး ပေးအပ်သွားမှာဖြစ်ပြီး ၂၀၁၃ ခုနှစ်က
စလို့ အကယ်ဒမီပေးပွဲတွေကို ရုပ်ရှင်အစည်းအရုံးက ကြီးမှူး ကျင်းပပေး သွားတော့မယ်လို့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဧရာဝတီကို
ပြောပါတယ်။

၁၉၅၂ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးဟာ ရန်ကုန်မြို့ကြီးမှာ စည်းကား သိုက်မြိုက်စွာ ကျင်းပနေ
တာကျဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ရုတ်တရက် နေပြည်တော်ကို ပြောင်းရွှေ့သွားတာပါ။ ဒါကလည်း စစ်အစိုးရလက်ထက် အစိုးရ မင်းများ နေပြည်တော်ဆိုတဲ့ မြို့သစ်ကြီးကိုတည်ပြီး ပြောင်းရွှေ့ ရုံးစိုက်ကြလေတော့ လူတွေကော တိရစ္ဆာန်တွေပါ ပြောင်းရွှေ့ ကုန်ကြရတာပါ။ အဲဒီတော့ ပြောင်းရွှေ့ရတာတွေထဲ နိုင်ငံတော် အစိုးရက ကြီးမှူးကျင်းပလေ့ရှိတဲ့ အကယ်ဒမီပွဲနဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ဆိုတာတွေပါ ပါကုန်တော့တာပေါ့။

အခုလာမယ့် အကယ်ဒမီပေးပွဲမှာ ပေးအပ်မယ့် ၂၀၁၁ ခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၁၅ ကားထဲက အများစုကတော့ ဟာသ ကားတွေလို့သိရပါတယ်။ ဆန်ခါတင် ၁၅ ကားထဲမှာ ဟော့ရှော့ ၃၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထားအာဘွား၊ အိုင်လပ်ဗ်ယူ၊ ဖလန်းဖလန်းဖြစ်တဲ့ အချစ်၊ အားလုံးက ဟော့မှ ကြိုက်တယ်၊ ချောကလက်ဘေဘီ၊ ချိန်း၊ ဝဋ်ကြွေး၊ ထာဝရ အလင်းတန်းများ၊ ချစ်ပန်းဝေ၊ အမွှေဇယား၊ ရင်ကွဲနာ၊ ပန်းကြာဝတ်မှုန် စတဲ့ ဇာတ်ကားတွေပါဝင်ပါတယ်။

ရန်ကုန်ကနေ ခဏတာ ပျောက်သွားတဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကြီး အရင်နှစ်တွေကထက် ပိုမိုစည်ကား
သိုက်မြိုက်စွာ ကျင်းပနိုင်တော့မယ်လို့ မျှော်လင့်မိရင်း။

မတ္တရာ လွင်ပြင်ရဲ့ ကယ်ရီကေးချားအလှူ

လက်ရှိ မြန်မာနိုင်ငံရဲ့  အနုပညာရှင်တွေအပါအဝင် သာမန် ပြည်သူပြည်သား အတော်များများဟာ ကိုယ်တတ်စွမ်းတဲ့ အနုပညာနဲ့ သော်လည်းကောင်း၊ ငွေကြေးအင်အားနဲ့ သော်လည်းကောင်း လူမှုရေး ပရဟိတ လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင် လုပ်ကိုင်လာကြတာ အစဉ်အလာတခုလိုတောင် ဖြစ်နေပါပြီ။

မြန်မာနိုင်ငံမှာ လူမှုရေး ပရဟိတ အသင်းအဖွဲ့တွေ များသထက် များလာသလို၊ ဂီတ တတ်ကျွမ်းတဲ့ သူကလည်း ဂီတအစွမ်းနဲ့၊ ပန်းချီ ပညာရှင်တွေ ကလည်း ပန်းချီ ပညာနဲ့ စသည်ဖြင့် လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။

အခုလည်း မတ္တရာ မြို့သူ မြို့သားတွေ စုပေါင်းပြီး မြန်မာ ကာတွန်းဆရာတွေဆီက ကာတွန်းပုံလေးတွေ အလှူခံပြီး တီရှပ်တွေ၊ လွယ်အိတ်တွေ ပြုလုပ်လို့ မြန်မာနိုင်ငံအနှံ့က ဘုရားပွဲတွေမှာ လိုက်လံရောင်းချ တာတွေ၊ ကာတွန်းဆရာတွေ ကိုယ်တိုင် အဲဒီ ဘုရားပွဲတွေမှာ ပုံတူ ရုပ်ပြောင် (ကယ်ရီကေချား) များ ဆွဲပြီး အလှူငွေ ကောက်ခံတာတွေ လုပ်ပြီး ရလာတဲ့ အကျိုးအမြတ်ကို ကျေးလက် တောရွာတွေ၊ နယ်မြို့တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်း ပညာရေး ကိစ္စအတွက် လှူဒါန်းမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီအဖွဲ့ကို “မတ္တရာလွင်ပြင်” လို့ အမည်ပေးထားတာပါ။

“ကျနော်တို့မှာ ရှိတဲ့ ဘုန်တော်ကြီးသင် ပညာရေးတွေမှာ မပြည်စုံတာတွေ ရှိတယ်။ အဲဒီအတွက် လှူဖို့ ရည်ရွယ်တာပါ။ ဂီတသမားတွေက သူတို့တတ်တဲ့ ဂီတနဲ့ အလှူခံပြီးတော့ ပြန်လှူဒါန်းတယ်။ ကျနော်က ကာတွန်းဆရာဆိုတော့ ကာတွန်းဆရာတွေ ဆီက အရုပ်လေးတွေ အလှူခံပြီး တီရှပ်ပေါ်မှာ တံဆိပ်ရိုက် ရောင်းမယ်။ နောက် ကာတွန်းဆရာတွေနဲ့ ဘုရားပွဲတွေမှာ ကာတွန်းလေးတွေ လိုက်ဆွဲပြီးတော့ ရလာတဲ့ အလှူငွေနဲ့ ပြန်လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်” လို့  မတ္တရာလွင်ပြင် အဖွဲ့ဝင် တဦးဖြစ်သူ ကာတွန်း တော်တီဆွေက ဧရာဝတီကို ပြောပါတယ်။

ဒီအဖွဲ့ဟာ တနှစ်ပတ်လုံး ရှိသလောက် ဘုရားပွဲတွေမှာ လိုက်လံ အလှူခံသွားဖို့ ရည်ရွယ်ထားပြီး ပညာမတတ်တဲ့ ကလေးသူငယ်တွေ ပညာတတ် ဖြစ်လာဖို့အတွက်လည်း ဦးတည် ရည်ရွယ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာနဲ့ ယှဉ်ရင် အစစအရာရာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ မြန်မာနိုင်ငံ ပညာရေး အခြေအနေကို အားလုံး မြင်နေသိနေ ပြီးသားပါ။ ဆင်းရဲနွမ်းပါးတဲ့အတွက် ပညာရေးကို ဦးစားမပေးနိုင်သူတွေ၊ ပညာဆိုတာကို သင်ကြားရမယ် ဆိုတာတောင်
မသိတဲ့ အတွေးအခေါ် နိမ့်ပါးမှုတွေ၊ ပညာသင်ချင်ရက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မသင်နိုင်သူတွေလည်း အများအပြား ရှိနေပါတယ်။

အစိုးရကျောင်းတောင် မတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါးသူများကတော့ အခမဲ့သင်ကြားခွင့် ရနိုင်တဲ့ ဘုန်းကြီးကျောင်း ပညာရေးကိုသာ အားကိုး နေကြရပါတယ်။ အားကိုးလာသူတွေ များပြားလာတာနဲ့ အမျှ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေမှာ စာရေးကိရိယာ ကအစ၊ သင်ကြားမယ့်ဆရာ၊ ဆရာမနဲ့ ငွေကြေးလိုအပ်ချက်တွေ များပြားလာတယ်လို့သိရပါတယ်။

ဒီလိုအပ်ချက်တွေကို တထောင့်တနေရာက ဖြည့်ဆည်းဖို့ မတ္တရာလွင်ပြင်က ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး အလင်းရောင် ပိုမို ထွန်းတောက်နိုင်ပါစေလို့ မစပ်စု ဆန္ဒပြုလိုက်ပါတယ်။

Your Thoughts …
Tags: Entertain
မစပ်စု

မစပ်စု

ဧရာဝတီ

Similar Picks:

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.1k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထိုင်း သရဲကား, မြဝတီ ရုပ်သံ , MWD Documentary

ပေါ်ပြူလာ ဖြစ်လာသော ထိုင်းသရဲကားများ

by သူဇာ
21 April 2015
12.3k

ပရိသတ် စိတ်ဝင်စားရန် ရိုက်ကူး ပုံဖော်ထားသည့် ထိုင်း ရုပ်ရှင်၏ ဇာတ်လမ်း ဇာတ်ကွက်များက ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲများကို ငြီးငွေ့နေသည့် မြန်မာ ပရိသတ်များ အတွက် စိတ်အပန်းဖြေစရာ အပတ်စဉ် စောင့်ကြည့်ရသည့် ဇာတ်လမ်းတွဲတခု ဖြစ်လာနေသည်။

ထိုင်းဘုရင်နရဲစွမ်, ဘုရင့်နောင်, ထိုင်းနိုင်ငံ, မြန်မာနိုင်ငံ, ရုပ်ရှင်ဇာတ်ကား

The Legend of King Naresuan အပိုင်း ၅ ကို ထိုင်းရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသ

by ရန်ပိုင်
16 June 2014
14.9k

ထိုင်း အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ချဉ်းကပ်လို့ မဖြစ်၊ အင်မတန် အင်အားကြီးမား၊ ဘုန်းတန်ခိုးကြီးတဲ့ မြန်မာဘုရင် ဘုရင့်နောင်ဟာ မြို့ပြနိုင်ငံတော် (City-state) များကို အောင်နိုင်ခဲ့သူ ဖြစ်ပြီး မြန်မာတွေကို ထိုင်းတွေရဲ့ ထာဝရ ရန်သူအဖြစ် ရိုက်ကူးခြင်း...

သက်တံသစ်

ထူးခြားမှုတွေနဲ့ ကြုံခဲ့ရတဲ့ ရုံတင်တော့မယ့် “သက်တံသစ်”

by မြတ်သူအောင်
27 November 2014
9.3k

သဘာဝ ဘေးအန္တရာယ် ကျရောက်မယ့် အချိန်၊ ခုနှစ်တွေ ပါရှိနေတာကို တွေ့ရပြီး ထူးခြားမှု တခုကတော့ မြန်မာပြည် - နှစ်ထောင့်တဆယ့်ခြောက် ဆိုတဲ့ စာတန်းပါပဲ။ ကျန်တဲ့ ဘာဖြစ်မယ် ဆိုတဲ့ အကြောင်းအရာ ရေးထားတဲ့ စာရွက်တပိုင်းကတော့...

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

မြန်မာ့ရုပ်သေး ကမ္ဘာကသိအောင် ကြိုးပမ်းခဲ့တဲ့ ဦးခင်မောင်ထွေးနဲ့ …

by နဒီထိုက်
5 July 2013
8k

နိုင်ငံတကာမှာတော့ မြန်မာ့ရုပ်သေးကို သိအောင်လုပ်နိုင်ခဲ့ပြီ။ တခုပဲ လုပ်ဖို့လိုမယ်။ ကမ္ဘာ့အဖွဲ့ချုပ်မှာ ဝင်ဖို့အတွက် လိုတယ်။ အဲဒီအတွက်က နိုင်ငံတွင်းမှာ ရုပ်သေးပညာရှင်တွေ ပါတဲ့ အဖွဲ့ရှိဖို့လိုတယ်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

သရဲကား မိုင်တိုင် ၂၆ ဇူလိုင် ၅ ရက်နေ့ ရုံတင်မယ်

by မြတ်သူအောင်
4 July 2013
17.2k

ပဌာန်းဆက် ပါတယ်လို့ ဟြေလို့ရမလားတော့ မသိဘူး၊ အဲဒီလို ကာရိုက်တာမျိုး သရုပ်ဆောင် ရမယ်ဆို ကိုယ်မဟုတ်တော့ဘူး၊ ကိုယ့်ကို တယောက်ယောက်က ၀င်ပူးပြီး ဖြစ်သွားသလိုပဲ

Next Post
စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်

စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate