မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ် ကြောင်း သတင်း ရသည်။ ရက်သတ္တ တပတ်ကြာမည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ ခေါင်းဆောင်တဦး ဖြစ် သည့် ဂျဝါဟလာ နေရူး အမှတ်တရပွဲ နိုဝင်ဘာ ၁၄ ရက်တွင် မိန့်ခွန်းပြောရန် ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၂ ခုနှစ်က ဂျဝါဟလာ နေရူး ဆု ချီးမြှင့် ခံခဲ့ရဖူးသည်။ ယခုနှစ် အစောပိုင်း က အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမ် မြန်မာ နိုင်ငံ လာရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။