နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး ပြန်လည် လွတ်မြောက်ရန် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်းဦးစီး ဌာနတို့နှင့် နီးစပ် သည့် အသိုင်းအဝန်းတွင် သတင်း ထွက်ပေါ်နေသည်။ ပြီးခဲ့သည့်လက သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက အမေရိကန် နိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာ မိသားစုများက အကျဉ်းကျခံ နေရသည့် ဦးမြင့်အေး၊ ကိုလက်ျာထွန်းနှင့် နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွှတ် ပေး ရန် တောင်းဆိုခဲ့ရာ အမြန်ဆုံး စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကတိပေးပြောကြားထားသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံရေး အကျဉ်းသား ၂၈၀ လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။