စစ်ကိုင်းတိုင်း မုံရွာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်ပြီး လူထုညီလာခံ တရပ်ကို ယမန်နေ့က စတင်ကျင်းပ ကြောင်း သတင်းရသည်။ နှစ်ရက်ကျင်းပမည့် ယင်းညီလာခံသို့ ဒေသခံ လူထု အပါအဝင် တိုင်းရင်းသား အဖွဲ့များ၊ ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများ စသည့် လူအင်အား ထောင်ချီတက်ရောက်သည်ဟု ဆိုသည်။ ထိုကြေးနီ စီမံကိန်းကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့က လုပ်ကိုင်နေပြီး ဒေသခံများ၏ လယ်ယာမြေ သိမ်းဆည်း ခံရမှု များကြောင့် ဆန္ဒပြမှုများ၊ အပြန်အလှန် တရားစွဲဆိုမှုများလည်း ဖြစ်ပေါ်နေပြီး ယခုကဲ့သို့ ညီလာခံတရပ် ကျင်းပလာကြခြင်း ဖြစ်ကြောင်း လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။