သတင်းတို

သြစတြေးလျ စွမ်းအင်ကုမ္ပဏီ မြန်မာပြည်တွင် လုပ်ကိုင်မည်

This article has been converted from Zawgyi One to Unicode

သြစတြေးလျ နိုင်ငံ Woodside Petroleum စွမ်းအင်ကုမ္ပဏီ က မြန်မာနိုင်ငံ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံ ဒေဝူး ကုမ္ပဏီနှင့် လက်တွဲ လုပ်ကိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် ကမ်းလွန် AD-7 လုပ်ကွက်အတွက် ရှယ်ယာ ၄၀ ရာခိုင်နှုန်းပေးရန် ဒေဝူးက သဘောတူထားသည်ဟု Retuers သတင်း က ဆို သည်။ ဒေဝူးနှင့် Woodside သည် ရခိုင် ကမ်းလွန်လုပ်ကွက်များ လုပ်ကိုင်ရန်အတွက် စမ်းသပ်တိုင်းတာခြင်း အစီအစဉ်များ ကို ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း လုပ်ကိုင်မည်ဟုလည်း သိရသည်။

Loading