အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဘန်းစ်က မြန်မာနိုင်ငံ၏ သမိုင်းဝင် အသွင်ကူးပြောင်းမှု အောင်မြင်ရေး ကူညီ ပေးမည်ဖြစ်ပြီး ဒီမိုကရေစီ အနာဂတ်ဖြစ်ပေါ်ရေးအတွက် လုပ်ဆောင် စရာများစွာ ကျန်ရှိနေသေးကြောင်း ပြောဆိုလိုက်သည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၁၈ ရက်က နေပြည်တော် ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ ကြေညာချက်၌ ထိုသို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။ တရား ဥပဒေ စိုးမိုးမှု၊ လူ့အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် သယံဇာတ တူးဖော်ရေးတွင် ပွင်းလင်းမြင်သာမှု၊ နိုင်ငံရေး အကျဉ်း သားများ လွှတ်ရန် စသည်တို့ကိုလည်း ကြေညာချက်တွင် ပြောဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။