အမေရိကန်က ထိုင်းနှင့် ပူးတွဲ၍ Cobra Gold စစ်ရေးလေ့ကျင့်မှုအား လာရောက်လေ့လာရန် မြန်မာကို ဖိတ်ကြားကြောင်း သိရ သည်။ အင်အား ၁၀၀၀၀ ကျော်ပါဝင်မည့် ယင်းအစီအစဉ်၌ တခြားသော အာရှ နိုင်ငံများကလည်း ပါဝင်ရန်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ယခုဖိတ်ကြားမှုသည် ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသ ဆိုင်ရာ စစ်အရာရှိ ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်သော ဝါရင့် စစ်အရာရှိများ ပါဝင်သည့် ခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။ Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ဧပြီနှင့် မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။