တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) မှ ကိုယ်စားလှယ် ၂၀ ခန့်ပါဝင်သည့် တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Nippon Foundation တို့ တိုကျိုမြို့တွင် အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံကြောင်း သိရသည်။ တွေ့ဆုံရာတွင် Nippon Foundation က ယခင်သဘောတူထားသည့် လမ်းပန်း ဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ဆေးဝါး များအတွက် အပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ ၃ သန်း ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်း ကူညီထောက်ပံ့မှုသည် မြန်မာအစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း Nippon Foundation က ထုတ်ပြန်ထားသည်။ UNFC သည် ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။