• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း

          ငြိမ်းချမ်းရေး၊ တရားမျှတရေးအတွက် လူထုညီလာခံကျင်းပ

          by မန်းသားလေး
          19 October 2012
          in သတင်း
          Reading Time: 1 min read
          A A
          img_2977
          img_2984
          img_2988
          img_2989
          img_2993
          img_2994
          2.5k
          VIEWS
          Share on FacebookShare on Twitter

          [irrawaddy_gallery]

          ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည့် လူထု ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နှစ်ရက် ကျင်းပခဲ့သည်။

          RelatedPosts

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

          6 December 2023
          207
          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          6 December 2023
          10.5k
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          5 December 2023
          3.2k

          ညီလာခံ၏ ဆုံးဖြတ်ချက်တွင် ကချင်အရေးကိစ္စ၊ ရခိုင်ကိစ္စနှင့် လက်ပန်းတောင်းတောင် ရပ်တန့်ရေး ကိစ္စများ ပါဝင်သော အချက် ၃ ချက် ထုတ်ပြန် ကြေညာခဲ့ရာ ကချင်ကိစ္စတွင် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ထိုးစစ်ဆင်ရေးကို ရပ်တန်ပေးရန်၊ ရခိုင်အရေးကိစ္စတွင် ၁၈၂၄ ခုနှစ်က ဝင်ရောက်နေထိုင်ခဲ့သည့် ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် ပေးပြီး တရားမဝင် ဝင်ရောက်နေထိုင်သူများကို အရေးယူကာ တတိယနိုင်ငံ (သို့မဟုတ်) ဘင်္ဂလားဒေ့ရ်ှသို့ ပြန်ပို့ရန်အတွက် သမ္မတ ဦးသိန်းစိန်ပြောခဲ့သည့် အတိုင်း ဆောင်ရွက်ပေးရန် ညီလာခံက ဆုံးဖြတ်ကာ ကြေညာခဲ့ကြောင်း သိရသည်။

          “နောက်တချက်ကတော့ လက်ပန်းတောင်းတောင် စီမံကိန်း လုံးဝရပ်တန့်ပေးဖို့ ဒီညီလာခံကြီးက ဆုံးဖြတ်ချက် ချပါတယ်” ဟု ယင်းပွဲ၏ သဘာပတိ ဦးအောင်ကျော်စိုးက ဧရာဝတီကို ပြောသည်။

          လက်ပန်းတောင်းတောင် ပြည်သူ့ ညီလာခံသို့ ကဗျာဆရာ ဒဂုန်တာရာက ယင်းစီမံကိန်းအား ကန့်ကွက်သည့် သဝဏ်လွှာလည်း ပေးပို့ခဲ့သည်။

          ယင်းသဝဏ်လွှာထဲတွင် မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်ကြောင်း၊ ယင်းသဘာ၀ အရင်းမြစ်များကို သော်လည်ကောင်း၊ သဘာဝပတ်ဝန်းကျင်ကို သော်လည်ကောင်း ပျက်စီးအောင် ပြုလုပ် နေခြင်းက အလွန်ပင် အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်မြင်ကြောင်း၊ သယံဇာတကို ထုတ်ယူမသုံးစွဲဘဲ သဘာ၀ အလျောက် ထားရှိခြင်းက ပိုမိုကောင်းမွန်ကြောင်း၊ လက်ပန်းတောင်းတောင် စိမ်းလန်းစိုပြေရေးနှင့် ကျေးလက်နေ ပြည်သူများ စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် လက်ပန်းတောင်းတောင် ကြေးနီလုပ်ငန်း စီမံကိန်းကို လုံး၀ အပြီးပြတ် ဖျက်သိမ်းရန် တောင်းဆိုလိုက်ကြောင်း ပါရှိသည်။

          လက်ပန်းတောင်းတောင် ကိစ္စကို သမ္မတအနေဖြင့် တစုံတရာ ကူညီမှု မပြုခဲ့လျှင် ကုလသမဂ္ဂအထိ တက်ရောက် တိုင်ကြားသွားရန် စီစဉ်လျှက် ရှိကြောင်း ညောင်ပင်ကြီး ကျေးရွာမှ ဦးသန်းရွှေက ပြောသည်။

          “သမ္မတက ဒီစီမံကိန်းကို ရပ်နားဖို့ မဖြစ်နိုင်ဘူးလို့ ပြောတယ်ဆိုပြီး စီးပွားရေး ဦးပိုင်က ဦးမြင့်အောင်ကနေ ပြောနေသံ ကြားပါတယ်။ အဲဒီလို ပြောပြီးတော့ ဦးမြင့်အောင်က စားပွဲရုံမှာ အောင်ပွဲခံခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ သမ္မတကြီးဟာ ဒီကိစ္စမှာ မပါဝင်ဘူးဆိုရင် ကုလသမဂ္ဂထိ ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ ဒီစီမံကိန်းကြီး မရပ်သရွေ့ ကျနော်တို့ တိုက်ပွဲ ဝင်သွားမှာပါ။ ဖမ်းရင်လည်း အဖမ်းခံဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ဆိုသည်။

          သမ္မတ ဦးသိန်းစိန်အနေဖြင့် လက်ပန်းတောင်းတောင် စီမံကိန်း ရပ်နားသင့်၊ မရပ်နားသင့်ကို မည်သို့မျှ ပြောကြားခြင်း မရှိသေးကြောင်း သမ္မတရုံးမှ တာဝန်ရှိသူတဦးက ပြန်လည် ဖြေကြားခဲ့သည်။

          ညီလာခံ ကျင်းပနေသည့် ဒုတိယနေ့တွင် ရဲများကို နေရာအနှံ့ချထားသည့် အပြင် ညီလာခံ ကျင်းပသည့် ကျေးရွာအတွင်းသို့ အတင်း ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့်အတွက် ဒေသခံများနှင့် အချင်းများ ခဲ့ရသည်ဟု သိရသည်။

          ညီလာခံသို့ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ခွင့် ရရှိခဲ့သော်လည်း အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ရဲများကို ဝင်ရောက်ခွင့် မပေးခဲ့ကြောင်း ယင်းပွဲကို စီစဉ်သူ တဦးက ပြောသည်။

          “ ဒီပွဲကို လာတဲ့လူတွေကို ကျနော်တိုဘက်က အဆင့်ဆင့် စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ရွာထဲကို ဝင်တဲ့ လမ်းမှာတင် ဂိတ်တဂိတ်ထားပြီး စစ်ဆေးတယ်။ အရပ်ဝတ် ထောက်လှမ်းရေးတွေကော၊ မြို့နယ်မှူး ကိုကော ဝင်ခွင့် မပေးခဲ့ပါဘူး။ ဝင်ခွင့်ပေးလိုက်ရင် သူတို့ဘက်က သတင်းတွေကို ပြောင်းပြန် လုပ်ပစ်မှာ စိုးလို့ပါ” ဟု ၎င်းက ဆိုသည်။

          ယင်းညီလာခံသို့ လာရောက် သတင်းယူသူ သတင်းထောက်များကို ပွဲစီစဉ်သူများက သတင်းထောက်ကတ် တောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး သတင်းထောက်ကတ် မပါသူများကို ပွဲအတွင်းသို့ ဝင်ရောက်ခွင့် မပေးခဲ့ပေ။ ထို့အပြင် ဒေသခံ အမျိုးသမီး တစုက ညီလာခံအတွင်းသို့ ဝင်ရောက်လာသည့် ရဲများကို ဆွဲထုတ်ခဲ့သေးကြောင်း ယင်းပွဲတက်ရောက် သတင်းယူသူ သတင်းထောက် တဦးက ဆိုသည်။

          ညီလာခံ ကျင်းပနေသည့် ဆည်တည်းကျေးရွာ အဝင်လမ်းမတွင် ဂိတ်တခု သတ်မှတ်ထားပြီး ကင်းများ ချထားသည့်အပြင် ယင်းမြေနေရာကို အန္တရာယ်ဇုန်ဟု သတိပေး ဆိုင်းဘုတ် ကပ်ထားကြောင်း၊ ကင်းများချထားခြင်းမှာ ကျေးရွာ မြေနေရာများသို့ အုပ်ချုပ်ရေး အာဏာပိုင်များကို ဝင်ထွက်ခွင့် မပေးလိုသောကြောင့် ဒေသခံပြည်သူများက ယခုကဲ့သို့ ကာကွယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

          အဆိုပါ ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်၊ လယ်ယာမြေများ သိမ်းခံထားရသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံ ၃၀၀၀ ကျော် တတ်ရောက်ခဲ့ကြောင်း ပွဲစီစဉ်သူများ၏ စာရင်းများအရ သိရသည်။

          လက်ပန်းတောင်းတောင် ပြည်သူ့ညီလာခံကို အုပ်ချုပ်သူအာဏာပိုင်များ၏ ခွင့်ပြုမိန့် မရဘဲ ဆောင်ရွက်နေသော်လည်း အာဏာပိုင်များက တစုံတရာ ဟန့်တား နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။

          “ဒီညီလာခံကြီး ကျင်းပတာ အောင်မြင်တယ်လို့ ကျနော် ယူဆတယ်။ ဒါကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပေးပေမယ့် ဒီပွဲ လုပ်ဆောင်နိုင်တဲ့အတွက် အားရ ဂုဏ်ယူမိတယ်။ ဒီအထဲမှာ တက်တက်ကြွကြွနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ကျောင်းသားလူငယ်တွေနဲ့ အကျဉ်းသားဟောင်းတွေ ပူးပေါင်းပါဝင်လာတာ ကောင်းတယ်လို့ ကျနော် ထင်တယ်။

          စည်းစည်းလုံးလုံးနဲ့ ပြည်သူ့အင်အားကြီးမားလာတာနဲ့အမျှ နိုင်ငံခြား အရင်းရှင် စီးပွားရေးသမားတွေနဲ့ ဒီစီမံကိန်းကြီးဟာ အလိုလိုကွယ်ပျောက်သွားမှာပါ။ ဒါဟာပေါ့သေးသေး စီမံကိန်းမဟုတ်ဘူးဗျ။ ဒုတိယ မြစ်ဆုံလိုပဲ။ အားလုံးသာ မပြိုကွဲဘဲ လုပ်ကြမယ်ဆိုရင် ဒီစီမံကိန်း နောက်ဆုံး ဖျက်သိမ်းတဲ့အထိ ရုပ်သိမ်းသွားမယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

          လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းသည် နိုင်ငံတော်အတွက် အဓိက ဆောင်ရွက်နေပြီး နိုင်ငံတော်အတွက် အကျိုးမြတ်ရှိသော စီမံကိန်းမဟုတ်ဘဲ လူတစု ကြီးပွားကောင်းစားရေးကိုသာ ရှေးရှု လုပ်ဆောင်နေသော စီမံကိန်းဟု ဒေသခံများက ထင်မြင်ယူဆကြသည်။ စီမံကိန်း ရှယ်ယာနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်များက ၁ ရာခိုင်နှုန်း၊ အမေရိကန်တွင် နေထိုင်နေသူ ကိုကျော်ဌေးက ၁၅ ရာခိုင်နှုန်း၊ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ သမီး နန္ဒာရွှေက ၁၅ ရာခိုင်နှုန်း၊ ရုပ်ရှင်မင်းသား လွင်မိုးက ၂ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်မှ ၄၉ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြသည်ဟု သိရသည်။

          Your Thoughts …
          Tags: ConventionLand
          မန်းသားလေး

          မန်းသားလေး

          Contributor

          Similar Picks:

          အိုးအိမ်၏ နှုတ်ကတိကြောင့် ပြည်တော်သာ တိုက်ခန်းနေသူများ နေရာပျောက်မည်ကို စိုးရိမ်

          အိုးအိမ်၏ နှုတ်ကတိကြောင့် ပြည်တော်သာ တိုက်ခန်းနေသူများ နေရာပျောက်မည်ကို စိုးရိမ်

          by ချစ်ဆု
          4 June 2013
          4k

          တချို့ကလည်း ကျောင်းအပ်ပြီးကြလို့ ဘယ်လို ပြောင်းရမလဲဆိုပြီး စိတ်ပူနေတယ်။ သက်ကြီးရွယ်အိုတွေ ကလည်း မပြောင်းရင် ဆွဲချ ခံရမှာတို့ ဘာတို့ကို လန့်နေကြတယ်

          သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

          သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

          by စနေလင်း
          21 September 2013
          2.5k

          ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာ ကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာ

          ဖယ်ခုံအင်းမှ ကျွန်း ၂ ကျွန်းကို တပ်မြေအဖြစ် ဒေသခံများ လက်မှတ်ထိုးပေးနေရ

          ဖယ်ခုံအင်းမှ ကျွန်း ၂ ကျွန်းကို တပ်မြေအဖြစ် ဒေသခံများ လက်မှတ်ထိုးပေးနေရ

          by ကြယ်ပြာ
          10 January 2013
          2.3k

          အင်းလေးကန်နှင့် စပ်ဆက်နေသော ဖယ်ခုံအင်းအတွင်းရှိ ရေလယ်ကျွန်း ၂ ကျွန်းကို တပ်မြေဖြစ်ကြောင်း ဒေသခံများအား လတ်မှတ်ထိုးခိုင်းပြီး ယင်းကျွန်းများပေါ်တွင် ဟိုတယ်ဇုန် တည်ဆောက်ခွင့်ရရန် စီးပွားရေး လုပ်ငန်းရှင်များက ကြိုးပမ်း နေကြကြောင်း သိရသည်။

          ပင်းကတော့တောင်ကို ဖောက်နေတဲ့ လျှို့ဝှက်လိုဏ်ခေါင်း ဘာအတွက်လဲ

          by သီတာအေး (နတ်မောက်)
          25 January 2013
          12.4k

          ဒါ့အပြင် လက်နက်တွေ ရွှေ့ပြောင်းဖို့ လွယ်ကူအောင် မြေအောက် လမ်း ဖောက်တယ် လို့ ပြောသူတွေ လည်း ရှိပြီး အများစု ပြောနေကြတာ ကတော့ ဝေဟင်ပစ် အမြောက် လက်နက်တပ် လို့လည်း ဆိုကြပါတယ်။

          သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

          သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

          by ညိမ်းပြည့်စုံ
          13 September 2013
          3.5k

          အဲဒီနားမှာ ဆည်မြောင်းပိုင်မြေ မကျူးကျော်ရ၊ ကျူးကျော်က ဥပဒေအတိုင်း အရေးယူခြင်း ခံရမည်လို့ ဆိုင်းဘုတ် ထောင်ထားတာပဲ။ ဒါပေမယ့် ရှိနေကြတဲ့ ကျူးကျော်တွေက အကွက် ရိုက်ပြီး ရောင်းတာ တကွက်ကို သိန်း ၂၀၀၊ ၃၀၀

          လယ်တီဆရာတော်ကြီး, လက်ပံတောင်း, ဆန္ဒထုတ်ဖော်

          လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်ရ

          by မန်းသားလေး
          30 September 2013
          4.1k

          ဦးဇင်းအနေနဲ့ မီးလောင်ဗုံး ထိခဲ့လို့လည်း ဘာမှ မဖြစ်ဘူး။ ဒီကိစ္စကို စပြီး ပါဝင်လာခဲ့တဲ့ အကြောင်းကလည်း လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနာရေး အထင်ကရ ဘုရားစေတီတွေကို မဖျက်ဆီးစေချင်တာပါ

          Next Post
          နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

          နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

          အရပ်သားထိန်းချုပ်သည့် စစ်တပ် ဖြစ်ရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး

          အရပ်သားထိန်းချုပ်သည့် စစ်တပ် ဖြစ်ရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး

          Please login to join discussion
          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          2 days ago
          10.6k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved