မီဒီယာသည် ၎င်းတို့ အစိုးရအဖွဲ့၏ အရေးကြီးသော ဆက်သွယ်ရေး ဖြစ်သည်ဟု ခံယူထားပြီး အားပေး ဆောင်ရွက်နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆို လိုက်သည်။ အောက်တိုဘာ ၂၁ ရက်က နေပြည်တော်တွင် ကျင်းပသော သမ္မတ ၏ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ၌ ထို့သို့ ပြောကြားခြင်း ဖြစ်သည်။ မီဒီယာများ အနေဖြင့် ပြည်သူလူထုက အစိုးရအဖွဲ့ကို အကြံ ဉာဏ် များ ပေးနိုင်ရန် အသိပေး ပြောကြားပြီး အစိုးရ၏ လုပ်ဆောင်ချက်များကို ပြည်သူများအတွင်း မှန်မှန်ကန်ကန် သိရှိနိုင်ရေး ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံကြောင်း သမ္မတက ပြောဆိုသွားသည်ဟုလည်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။