သတင်းတို
Acer ကုမ္ပဏီ မြန်မာတွင် လုပ်ငန်း တိုးချဲ့မည်
This article has been converted from Zawgyi One to Unicode
Acer ကွန်ပျူတာ ကုမ္ပဏီက မြန်မာနိုင်ငံ၌ လုပ်ငန်း တိုးချဲ့ရန် ရှိကြောင်း သိရသည်။ ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း အစီအစဉ်ကို မျှော်မှန်း၍ မြန်မာ အပါအဝင် လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း ထိုင်းဘတ် သန်း ၅၀ ဖိုးစီ တိုးချဲ့လုပ်ကိုင်သွားရန် ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေသတွင်း ရောင်းဝယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုကို ထိုင်းနိုင်ငံ၌ အခြေစိုက် လုပ်ကိုင်နေကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ မြန်မာ နိုင်ငံ ရန်ကုန်မြို့ လမ်းမတော် မြို့နယ်တွင်လည်း Acer ကုမ္ပဏီ ရုံးခွဲ ဖွင့်လှစ် ထားသည်။