သတင်းတို

မြန်မာ အမျိုးသမီး ဘောလုံးအသင်း အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်

This article has been converted from Zawgyi One to Unicode

မြန်မာ အမျိုးသမီး ဘောလုံးအသင်း ယူ – ၁၉ အသင်းသည် အာရှ ယူ-၁၉ (AFC U-19 Women’s Championship) ခြေစစ်ပွဲတွင် အုပ်စု ပွဲစဉ်အားလုံးကို အနိုင်ရရှိပြီး အုပ်စု ပထမ နေရာဖြင့် ခြေစစ်ပွဲ အောင်မြင်ကြောင်း သိရသည်။ ယင်း ခြေစစ်ပွဲများကို ဖိလစ် ပိုင် နိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခြင်း ဖြစ်သည်။ မြန်မာ အမျိုးသမီး အသင်းသည် လာမည့် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အထိ ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည့် ဒုတိယ အဆင့် ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားခွင့်ရမည် ဖြစ်သည်ဟု မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။

Loading