ရခိုင်ပြည်နယ် မင်းပြား နှင့် မြောက်ဦးမြို့နယ် တို့တွင် ကျေးရွာတချို့ မီးလောင်မှု ဖြစ်ပွားပြီး သေဆုံး ဒဏ်ရာမှု ရှိကြောင်း သိရသည်။ မင်းပြား မြို့နယ် အတွင်း မှ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ သရက်အုပ် ကျေးရွာသည် ယနေ့နံက်ပိုင်းတွင် ရွာလုံးကျွတ် နီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး မြောက်ဦး မြို့နယ် အတွင်းမှ အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ပုရိမ်ကုန်း ကျေးရွာမှာ မီးလောင်နေဆဲဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြော သည်။ မီးလောင်မှု စတင်ဖြစ်ပွားခြင်း မှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် မွတ်စလင်များနေထိုင်သည့် သရက်အုပ် ကျေးရွာအနီးမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ဝိုင်းဝန်းတိုက်ခိုက် ခံရာ မှ နှစ်ဘက် ပဋိပက္ခဖြစ်ပွားကြရင်း ကျေးရွာများကို အပြန်အလှန် မီးရှှို့သည်အထိ ကြီးထွားလာပြီး တင်းမာမှုများလည်း ဆက်လက် ဖြစ်ပေါ်နေသည်။ အခင်းဖြစ်ပွားရာ နေရာများသို့ ယခုအခါ စစ် တပ်နှင့် ရဲတပ်ဖွဲ့များ ရောက်နေကြောင်း၊ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာရမှု တချို့ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။