သတင်းတို

NLD ခေါင်းဆောင်ဟောင်း ဦးလွန်းတင် ကွယ်လွန်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဦးလွန်းတင်(အသက် ၉၁ နှစ်)သည် ယမန်နေ့ ညနေပိုင်းက ရန်ကုန် ဆေးရုံကြီး ၌ ကွယ်လွန် သွားကြောင်း သိရသည်။ ဦးလွန်းတင်၏ ဈာပနကို ၅ ရက်ထားပြီး ကြာသပတေးနေ့ သင်္ဂြိုဟ်မည် ဖြစ်သည်ဟု NLD က ပြောသည်။ ဦးလွန်းတင်သည် NLD ဗဟို အလုပ်အမှုဆောင် နှင့် မွန်ပြည်နယ် ဥက္ကဌ (ဟောင်း) တာဝန်များကို ထမ်းဆောင်ခဲ့ပြီး လွပ်လပ်ရေး မော်ကွန်းဝင် ပထမဆင့် ဗိုလ်မှူးကြီး ဟောင်း တဦးလည်း ဖြစ်သည်။

Loading