• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မင်းပြား၊ မြောက်ဦးတွင် လူမျိုးရေး ပဋိပက္ခဖြစ်

by ခင်ဦးသာ
22 October 2012
in သတင်း
A A
မင်းပြား၊ မြောက်ဦးတွင် လူမျိုးရေး ပဋိပက္ခဖြစ်

ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံး၀ မရှိသေးပေ (ဓာတ်ပုံ- Reuters)

8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ မင်းပြားနှင့်မြောက်ဦးမြို့နယ်တို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွား၍ ကျေး ရွာတချို့ မီးလောင်ကျွမ်းပြီး လူတချို့သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းများ ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပုရိမ်ကုန်းကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ပွားရာ  အိမ်ခြေ ၁၀၀ ဝန်းကျင် နှင့် ဘုန်းတော်ကြီးကျောင်းတခု မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကပြောသည်။ ထိုမီးလောင်မှုသည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် တို့အကြား ပဋိက္ခဖြစ်ပွားရာမှ စတင်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှုများကြောင့်  လူတချို့သေဆုံး၍ ထိခိုက် ဒဏ်ရာရသူ ၁၀ ဦး ကျော်ရှိကြောင်း မြောက်ဦး ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

RelatedPosts

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
28
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
37
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
177

နှစ်ဘက် အပြန်အလှန်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် မြောက်ဦးမြို့နယ် ဘီလူးရွာမှ ကိုအောင်မိုး (အသက် ၃၄ နှစ်) ၏ ရုပ်အလောင်းကို ရရှိထားပြီး ကျန်လေးဦး၏ အလောင်းကို ရရှိရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း မြောက်ဦးမြို့ နာရေးကူညီမှု အသင်းက ဧရာဝတီ ကို ပြောသည်။ ထို ရုပ်အလောင်းများသည် မွတ်စလင်များ နေထိုင်သည့် ပရိန် ကျေးရွာထဲ၌ ရှိနေကြောင်းလည်း နာရေး အသင်းက ဆိုသည်။ ပရိန် ကျေးရွာသည် မြောက်ဦးမြို့နယ်တွင် တည်ရှိပြီး ရခိုင် တိုင်းရင်းသားများ နေထိုင်သော ပုရိမ်ကုန်း ကျေးရွာ၏ တဘက်ကမ်း ဖြစ်သည်။

လူသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ ထိခိုက်ဒဏ်ရာ ရမှုများနှင့်ပတ်သက်၍ သတင်းအမျိုးအမျိုး ပျံ့နှံ့နေသည့်အတွက် အတည်ပြုနိုင်ရန် မြောက်ဦး ရဲစခန်း သို့ ဧရာဝတီ က ဆက်သွယ်ရာ အချက်အလက်များ စုဆောင်းနေဆဲဟု ဖြေဆိုပြီး အသေးစိတ် ပြောဆို ခြင်း မရှိပေ။

ထို့အတူ မင်းပြားမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိသော ပန်းမြောင်အရပ်၊ သရက်အုပ်ကျေးရွာသည်လည်း ယနေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင်သွားကြောင်း၊ မင်းပြားမြို့စွန်ရှိ ကားဂိတ်အနီး ပိုက်သည်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ ၁၀ နာရီကျော်တွင် မီးလောင်မှု ဖြစ်ရာ ၁၈ အိမ် မီးလောင်သွားကြောင်း မင်းပြားဒေသခံများ က ဧရာဝတီကို ပြော သည်။ ယင်းကျေးရွာများမှာ မွတ်စလင် အများစု နေထိုင်သော ကျေးရွာများ ဖြစ်သည်။

မင်းပြားမြို့၌ ပဋိပက္ခ စတင်ဖြစ်ပွားခြင်းမှာ ဒေသခံ ရခိုင်တိုင်းရင်းသား တဦးသည် သရက်အုပ် ကျေးရွာမှ ဖြတ်သွားစဉ် မွတ်စလင် တချို့က ဝိုင်းဝန်း ရန်စမှုကြောင့် နှစ်ဘက် အပြန်အလှန် ပဋိပက္ခဖြစ်ရာမှ ရွာမီးရှှို့သည့် အထိ ကြီးထွားလာခဲ့ပြီး ထိုမှ တဆင့် မြောက်ဦးမြို့ထိ ပျံ့နှံ့သွားသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြဿနာများကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း၊ အခင်းဖြစ်ရာ ဒေသသို့ ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးနှင့် ခရိုင်ရဲမှူးတို့ သွားရောက် စစ်ဆေးနေကြောင်း ဧရာဝတီ ကိုပြောသည်။

လက်ရှိ အခြေအနေအရ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရန် လိုအပ်လျှင် ထုတ်ပြန်သွားမည် ဟုလည်း ဆို သည်။

မွတ်စလင် များသည် စားဝတ်နေရေး အခက်အခဲကြောင့် မိမိတို့နေအိမ်များကို မီးရှှို့နေကြကြောင်း၊ ဒုက္ခသည် အဖြစ် နိုင်ငံတကာ အကူအညီရယူနိုင်ရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခဖြစ်ပေါ်ရန် နည်းမျိုးစုံဖြင့် ပြဿနာ ရှာနေကြကြောင်း မင်းပြားမြို့ခံ ဦးသာကျော် က ဧရာဝတီ ကို ပြောသည်။

မွတ်စလင်များကမူ ၎င်းတို့၏ နေအိမ်များကို ဒေသခံရခိုင် တိုင်းရင်းသားများ မီးရှှို့ကြောင်း ပြောဆိုနေကြသည်။ ထိုသို့ နှစ်ဘက် စလုံးမှ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကို ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရခိုင်ဒေသတွင်း၌ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်တို့အကြား ပဋိပက္ခဖြစ်ပွားမှုသည် ဇွန်လဆန်းမှ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်မှု လုံး၀ မရှိသေးပေ။ ထိုပဋိပက္ခများကြောင့် တဘက်နှင့်တဘက် ယုံကြည်မှု နည်းပါးနေကာ မွတ်စလင်များနှင့်အတူ နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို သီးသန့် နေရာချထား ပေးစေလိုကြောင်းလည်း တောင်းဆိုမှုများ ရှိနေသည်။

ရခိုင်ဒေသတွင်း ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း မွတ်စလင်နိုင်ငံ ၅၇ ခု ပူးပေါင်းဖွဲ့စည်းထားသည့် အစ္စလမ်မစ် ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ (OIC) ကို စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်ရန် အစိုးရနှင့်သဘောတူထား ခြင်းကိုလည်း  ရခိုင်တိုင်းရင်းသားများအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြသည်။

OIC ရုံးဖွင့်မည့် ကိစ္စသည် ပြည်သူ့ ဆန္ဒမပါသည့်အတွက် ဖွင့်ခွင့်ပေးမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြည်တွင်း မီဒီယာများနှင့်ယမန်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်။ ထို့အတူ ရခိုင်ဒေသတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြေ ရှင်းရန် အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု လည်း ပြော ဆို သည်။

OIC ရုံးဖွင့်လှစ်ခြင်းကို ကန့်ကွက်ခြင်းနှင့်အတူ မွတ်စလင်များနေထိုင်သည့် ရပ်ကွက်များအား ပြောင်းရွှေ့ပေးရန် ဒေသခံ ဗုဒ္ဓဘာသာဝင်များစွာသည် မြို့သို့လှည့်၍ ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့ကြသေးသည်။ IOC ရုံး ကန့်ကွက်ခြင်းသာမက မွတ်စလင်များ နှင့်အတူ ယှဉ်တွဲမနေရေး တောင်းဆိုမှုများ ပျံ့နှံ့လာပြီး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို တချို့က စိုးရိမ်မှုများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့မှအပ ကျန်မြို့နယ် အားလုံး၌ မွတ်စလင် များရှိသည်။ ထိုနေရာများ အနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှှုန်းကျော် ရှိပြီး စစ်တွေတွင် ၅၀ ရာ ခိုင်နှှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။

Your Thoughts …
Tags: ConflictRakhine State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
136

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

by ဧရာဝတီ
8 July 2024
96

ရာသီဥတုပြောင်းလဲမှု (climate change) နောက်ဆက်တွဲ အပူရှိန်လွန်ကဲတာ၊ ရေကြီးတာနဲ့ သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုတွေကို ဆယ်စုနှစ်ချီ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ စစ် ပဋိပက္ခကြောင့် သစ်တောထိန်းသိမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုအရေး ဆိုင်ရာ ရေရှည်ပြဿနာတွေကို ဦးစားပေးဖြေရှင်းနိုင်ဖို့ ခက်ခဲနေရတယ်လို့ ဝါရင့်...

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

လောက်ကိုင်မြို့ မြင်ကွင်းများ

လောက်ကိုင်မြို့ မြင်ကွင်းများ

by ဂျေပိုင်
23 February 2015
5.3k

အစိုးရတပ်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့များ အကြား ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အကျအဆုံးများ ရှိခဲ့သည်။

Next Post
MSM တဦး၏ ဖွင့်ဟဝန်ခံချက်

MSM တဦး၏ ဖွင့်ဟဝန်ခံချက်

ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် (ရုပ်/သံ)

ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate