• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေ့ပြောင်းလုပ်သား သားသမီးများ မြန်မာပြည်တွင် ပညာသင်နိုင်ရေး စီစဉ်မည်

by မေစစ်ပိုင်
23 October 2012
in သတင်း
A A
ရွှေ့ပြောင်းလုပ်သား သားသမီးများ မြန်မာပြည်တွင် ပညာသင်နိုင်ရေး စီစဉ်မည်

ပထမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားအရေး အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဆွေးနွေးစဉ် (ဓာတ်ပုံ - မေစစ်ပိုင် / ဧရာဝတီ)

2.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံရပ်ခြားတွင် ကာလကြာမြင့်စွာ နိုင်ငံရပ်ခြားတွင် သွားရောက်နေထိုင် အလုပ်လုပ်နေသည့် မြန်မာ ရွှေ္ပ္ပ့ပြောင်း အလုပ်သမားများ၏ သားသမီးများ ပြည်တွင်းတွင် ပညာပြန်လည် သင်ကြားနိုင်ရန် အဆင်ပြေနိုင်မည့် နည်းလမ်းများဖြင့် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံ အရပ်ရပ်တွင် ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများသည် မိခင်နိုင်ငံနှင့် ကာလကြာမြင့်စွာ ဝေးကွာနေသည့်အတွက် ဘာသာစကား၊ ယဉ်ကျေးမှုတို့တွင် အခက်အခဲ ပြဿနာများ ရှိနိုင်သဖြင့် အဆင်ပြေနိုင်မည့် နည်းလမ်းများကို စီစဉ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
493

“မိဘတွေက ရွှေ့ပြောင်း လုပ်သားတွေအဖြစ် နှစ် ၂၀၊ ၃၀ လောက် ကိုယ့်နိုင်ငံနဲ့ ဝေးနေတော့ ကလေးတွေရဲ့ ပညာရေး စနစ်က ပြဿနာရှိနေတာကြောင့် သူတို့တွေရဲ့ ပညာရေး အပါအဝင် လူမှုဘဝ တိုးတက်ရေးတွေကို အဆင်ပြေစေမယ့် နည်းတွေနဲ့ စီစဉ်ဖို့ရှိတယ်” ဟု သူက ဆိုသည်။

ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ နည်းပါးသဖြင့် ဝင်ငွေပိုမို ရရှိနိုင်သည့် ပြည်ပ အလုပ်အကိုင်များသို့ နည်းမျိုးစုံဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြသော အလုပ်သမား အများစုမှာ အခွင့်အရေး အပြည့်အဝ မရရှိခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရခြင်း စသည်ဖြင့် ကြုံတွေ့နေရသော်လည်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ အထိ ဝန်ကြီးဌာန စာရင်းများအရ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သန်းနီးပါးအထိ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ပေါ်ခံစားနေရသည့် ပြဿနာများ ပြေလည်နိုင်စေရန် ပြည်ပ အလုပ်အကိုင် အေဂျင်စီများစုပေါင်းကာ အသင်းတခုဖဲွဲ့စည်း၍ သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းလိုက်မည် ဆိုပါက အစိုးရဌာနမှ ဖြေရှင်းနေရသည့် ပြဿနာများကို အေဂျင်စီများက သက်ဆိုင်ရာ နိုင်ငံအလိုက် အသင်းကိုယ်စားလှယ်များ ထားရှိ၍ လုပ်သားစေလွှတ်ရာတွင် မှန်ကန်မှုရှိ မရှိ စိစစ်နိုင်မည် ဖြစ်သည့်အပြင် လုပ်သားများ၏ အခက်အခဲ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်း နိုင်မည်ဟု ယူဆကြောင်း၊ လက်ရှိတွင် ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံးကိုယ်စားလှယ်များ ထားရှိကာ ဆောင်ရွက် နေသော်လည်း ဖြေရှင်းရမှု များပြားသဖြင့် ကြန့်ကြာခြင်း ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့့်က ပြောသည်။

Today Top Star ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာ ဒေါ်ဝါဝါစိန်ကလည်း “လုပ်သားတွေက နိုင်ငံတကာမှာ ဆိုတော့ သူတို့အတွက် လုံခြုံ စိတ်ချရမှုက အရေးပါတယ်။ ရွှေ့ပြောင်း လုပ်သားတွေတင် မဟုတ်ဘဲ သူတို့ရဲ့ ရင်သွေးတွေ အတွက်ကိုပါ ထည့်စဉ်းစား သင့်တယ်။ နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုတယ်” ဟု ဆိုသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် မြန်မာသံရုံး ကိုယ်စားလှယ်များ၏ ဖုန်းနံပါတ်၊ fax နံပါတ်၊ လိပ်စာတို့ကို ပြည်တွင်းမှ မထွက်ခွာမီ ပေးထားမည် ဆိုပါက ပြဿနာ တစုံတရာ ရှိလာချိန်တွင် တိုင်ကြားရန် လွယ်ကူမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းကို ခံနေရခြင်း၊ နိုင်ငံသား မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားများကို လုပ်ငန်းရှင်က သိမ်းယူထားခြင်း၊ လိင်မှု စော်ကားခံရခြင်း စသည့် အခြေအနေများ ရှိနေသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ရန် လိုအပ်နေကြောင်း သိရသည်။

“အထောက်အထားတွေ မရှိတဲ့ အလုပ်သမားအချင်းချင်း ယူပြီး မွေးလာတဲ့ ကလေးကို မြန်မာနိုင်ငံ ကလည်း မွေးစာရင်း မပြနိုင်တော့ လက်မခံဘူး၊ အလုပ်လုပ်နေတဲ့ နိုင်ငံကလည်း နိုင်ငံသားအဖြစ် လက်မခံတော့ ကလေးက ဘယ်နိုင်ငံသားမှန်း မသိတဲ့ အခြေအနေတွေ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုရှိုင်းက ပြောသည်။

ပြည်တွင်းရှိ အေဂျင်စီများက လုပ်သားစေလွှတ်ရာတွင် ဌာနကို မတင်ပြဘဲ တရားမဝင် ပို့ခြင်း၊ အလုပ်စာချုပ်ထဲတွင် ပါရှိသည့် အချက်အလက်များနှင့် လက်တွေ့ အခြေအနေ ကွဲပြားနေခြင်း၊ အခြေခံ ဝန်ဆောင်မှု စရိတ်ကို လုပ်သား၏ လေးလစာထက် ပိုမို တောင်းခံခြင်းများ ရှိနေပါက စိစစ်ကာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်း လုပ်သား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ဆိုသည်။

ပြည်ပ အလုပ်အကိုင် အေဂျင်စီများသည် ပြည်ပ အလုပ်အကိုင် ကြော်ငြာခေါ်ယူပါက အလုပ်သမား ဝန်ကြီးဌာန၏ ခွင့့်ပြုမိန့် ရှိမှသာ ကြော်ငြာရမည်ဟု စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း ခွင့်ပြုချက် မရှိဘဲ လုပ်သား ကြော်ငြာ ခေါ်ယူနေသည့် အေဂျင်စီများ ရှိနေကြောင်း သူကဆက်ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားဝင် နည်းလမ်းဖြင့် သွားရောက်ကြရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အေဂျင်စီများအနေဖြင့် ပြည်ပ လုပ်သား စေလွှတ်ရာတွင် မသမာသော နည်းများဖြင့် ဆောင်ရွက်မှုများ မပြုလုပ်သင့်ကြောင်း၊ သို့မှသာ ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပြဿနာတချို့ ပြေလည်သွားနိုင်မည် ဖြစ်ကြောင်း ဒေါ်ခင်နွေဦးက သုံးသပ်သည်။

စင်ကာပူနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် အိမ်အကူ သွားရောက် လုပ်ကိုင်နေသည့် အလုပ်သမ အများစုမှာ အသက်မပြည့် သူများ ဖြစ်နေသည့်အတွက် ယင်းနိုင်ငံသို့ အေဂျင်စီများမှ တဆင့် အိမ်အကူအလုပ်အတွက် စေလွှတ်မည် ဆိုပါက သက်ဆိုင်ရာ ဌာနနှင့် ညှိနှိုင်းသင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ အများဆုံး တွေ့ကြုံနေရသည့် ယာယီနိုင်ငံကူးလက်မှတ် သိမ်းဆည်းခြင်းကို လုပ်ငန်းရှင်များ မလုပ်နိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အစိုးရဌာနသို့ ညွှန်ကြားထားကြောင်းနှင့် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ တိုးတက်မှု မှတ်တမ်းကို အလုပ်သမား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှိ တီမားဆက် ဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ် ရေးဆွဲလျှက် ရှိကြောင်း သိရသည်။

“စင်ကာပူနိုင်ငံကို သက်ဆိုင်ရာက အိမ်ဖော် စေလွှတ်ခွင့်မပြုထားပေမယ့် အဲဒီမှာ မြန်မာအိမ်ဖော်တွေ အများကြီးပဲ။ အစိုးရ အနေနဲ့ မြန်မာ အလုပ်သမားတွေနဲ့ သင့်လျော်မယ့် နိုင်ငံသစ်တွေမှာ အလုပ်လုပ်ကိုင်ခွင့် ပြုဖို့ လိုပါတယ်” ဟု သုခစုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ ဒါရိုက်တာ ဦးချမ်းသာက ပြောသည်။

လက်ရှိတွင် အေဂျင်စီများ အနေဖြင့် ထိုင်းနိုင်ငံသို့ လုပ်သားတင်ပို့ရာတွင် ယင်း နိုင်ငံရှိ အေဂျင်စီများမှတဆင့် ဆောင်ရွက် နေရပြီး လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ဆက်သွယ်ရခြင်း မရှိသည့်အတွက် မြန်မာ အေဂျင်စီများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။

ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူ အများစုသည် စက်ရုံများ၊ ကုမ္ပဏီများ၊ အထည်အလိပ် လုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် လုပ်ကိုင်ကြကြောင်း သိရသည်။

လက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၂ ဒဿမ ၄သန်း၊ မလေးရှားတွင် တသိန်းကျော်၊ ဂျပန်တွင် ၁၅၀၀၀ ဦးရေ၊ ဘင်္ဂလားဒေ့ရှ်တွင် ဦးရေ ၂၀၀၀၀ မှ ၁ သိန်းကြား၊ ကိုရီးယားတွင် ဦးရေ ၄၀၀၀ မှ ၁၀၀၀၀ ကြား သွားရောက် လုပ်ကိုင်နေပြီး တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူနန် ပြည်နယ်တို့တွင် လုပ်ဆောင် နေသော်လည်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား စာရင်းမှာ အတိအကျ သိရခြင်း မရှိသေးကြောင်း အလုပ်သမား ဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ဖြင့် ရွှေ့ပြောင်း အလုပ်သမားများနှင့် သက်ဆိုင်သော သတင်း အချက်အလက်များနှင့် လုပ်သားဈေးကွက်၊ လုပ်သားများ အပေါ် ထိထိရောက်ရောက် ကာကွယ်ပေး နိုင်မည့် အစီအမံများ၊ လုပ်သားများ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့် ရစေရေး စသည်တို့ကို သက်ဆိုင်ရာက ဆောင်ရွက်လျှက် ရှိကြောင်း၊ မြန်မာရွှေ့ပြောင်း လုပ်သားများသည် မိမိတို့ သွားရောက် လုပ်ကိုင်သည့် နိုင်ငံတွင် ပြဿနာများ ဖြစ်ပေါ်လာပါက အလုပ်သမား ဝန်ကြီးဌာနသို့ အွန်လိုင်းမှဖြစ်စေ၊ ဌာန၏ ဖုန်းများသို့ဖြစ်စေ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

Your Thoughts …
Tags: EducationMigrant Workers
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.9k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post

ကုရ်ဘာနီ ပွဲတော် မကျင်းပရန် အစ္စလမ် ဘာသာရေး အဖွဲ့ ထုတ်ပြန်

မင်းပြားနှင့် မြောက်ဦး ပဋိပက္ခ ၂ ဦးသေ၊ ၈ ဦး ဒဏ်ရာရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate