ယခုနှစ် အတွက် မြန်မာနိုင်ငံ တဝန်းလုံးရှိ အစ္စလမ် ဘာသာဝင်များ၏ ကုရ်ဘာနီ အိဒ် ပွဲတော်ကို မကျင်းပရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ် အတွင်း၌ ယနေ့အချိန်အထိ ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် လည်းကောင်း၊ တခြားသော ပြည်နယ်နှင့် တိုင်းများတွင်လည်း ချုပ်ချယ်ကန့်သတ်မှုများရှိနေပြီး နိုင်ငံတော် အစိုးရက လုံခြုံရေး အပြည်အ၀ ပေးနိုင်မည်မဟုတ်ဟု ယူဆခြင်းကြောင့် လည်းကောင်း ကုရ်ဘာနီ အီးဒ် ပွဲတော်ကို မကျင်းပရန် အသိပေးကြေညာရခြင်း ဖြစ်ကြောင်း အစ္စလမ် ဘာသာရေး အဖွဲ့ကြီးက ထုတ်ပြန်လိုက်ခြင်း ဖြစ် သည် ဟု ဆိုသည်။ ကုရ်ဘာနီ ပွဲတော်နေ့မှာ အောက်တိုဘာ ၂၇ ရက်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။